🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၁၆}
ထိုလူကအနွံ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်သည်ကြောင့် အနွံအနည်းငယ်ကြောင်သွားရသည်။
"ပထမဆုံးအတာသေဆုံးရတဲ့အတွက် ကိုယ်မင်းကိုတောင်းပန်ပါတယ်"
တောင်းပန်စကားကိုဆိုလိုက်သည်ကြောင့် အနွံထိုလူ့ကိုနားမလည်စွာကြည့်လိုက်သည်။
"မမသေရတာက ကလေးမမွေးနိုင်လို့သေရတာလေ ဘာကိုများတောင်းပန်နေတာလဲ..."
"ကိုယ်အမှန်တရားတွေအားလုံးကိုပြောပြပါ့မယ် ကိုယ့်အမှားတွေအတွက်လဲဝန်ခံပြီး ကိုယ့်အပြစ်ကိုပေးဆပ်ပါ့မယ်....ကိုယ်ပြောတာနားထောင်ပါအုံး"
ထိုလူက သူပြောသမျှနားထောင်ရန်တောင်းဆိုနေသဖြင့် အနွံ ထိုနေရာမှာပင်ရပ်မြဲရပ်နေကာ သူပြောလာမည့်စကားကို နားစွင့်နေလိုက်သည်။
"အတာကူးနဲ့ကိုယ်က သိပ်ချစ်ကျတဲ့ချစ်သူတွေပါ..."
"ဘယ်လို...မဖြစ်နိုင်တာ မမချစ်သူက ဦးလက်ရာလေ"
"မင်းသိထားတဲ့အမှန်တရားကနည်းနည်းလေးပါ ကလေးရယ်...."
"ဒါဆိုဘာလဲ အနွံမသိသေးတဲ့အမှန်တရားတွေကဘာတွေလဲ"
အနွံ့အသံကအနည်းငယ်ကျယ်လာ၍ ထိုလူအားအော်ပစ်လိုက်သည်။ထိုလူက အနွံပြောသမျှငြိမ်ခံကာ အပြစ်ရှိသူတစ်ယောက်ပမာ ခေါင်းကိုအတင်းငုံ့ထားသည်။
>>>>>>
{လွန်ခဲ့သော အတိတ်}
"အတာအခုလိုသီချင်းဆိုနေတာမောင်မကြိုက်ဘူး အထူးသဖြင့် အတာဆိုတဲ့သီချင်းမှာအခြား၀စေယာကျာ်းလေးတွေနားထောင်ပြီး ပျော်မွေ့နေတာ မောင်မကြိုက်ဆုံးပဲ"
"မောင်ကအတာ့ကိုသက်သက်ပြသနာရှာနေတာပဲ အတာသီချင်းဆိုတယ်ဆိုတာ ရိုးရိုးသားသားနဲ့ ဝါသနာပါလို့"
"ဒါဆိုအတာ့ဝါသနာကိုမောင်ကပြည့်အောင်ဖြည့်ဆည်းပေးမှာမို့ အဲ့ဆိုင်မှာသီချင်းဆိုတာရပ်လိုက်ပါတော့"
"မောင်...အတာကကိုယ့်ဘဝကိုယ် ကိုယ့်ဘာသာတိုးတက်ချင်တာ အောင်မြင်ချင်တာ ဘယ်သူ့ဆီကမှအကူညီမလိုချင်ဘူး"