🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၁၈}
"ဒေါ်လေး...အနွံပါ"
"ဟင်!!..."
ဒေါ်လေးကအနွံ့ကိုမြင်တော့ အနည်းငယ်ထိပ်လန့်နေသည့်မျက်ဝန်းများဖြင့်ကြည့်နေသည်။
"အနွံ...နင်က ဒီကိုဘယ်လိုသိလို့"
စုတ်ပြက်သက်နေသည့်အိမ်ထဲမှာ အဝတ်စားခပ်နွမ်းနွမ်းဖြင့် ဆင်းဆင်းရဲရဲနေနေသည့်ဒေါ်လေးပုံစံကိုကြည့်၍ အနွံအနည်းငယ်စိတ်ပျက်သွားမိသည်။
"ဘယ်လိုလဲဒေါ်လေး ကိုယ့်တူမကိုဆေးခပ်ပြီးသတ်ခဲ့တဲ့ဒေါ်လေးက အဲ့တုန်းကရတဲ့ပိုက်ဆံတွေနဲ့ ချမ်းချမ်းသာသာနေနေရမှာမဟုတ်ဘူးလား"
"ဟင်!!...နင်က ဒီကိစ္စကို ဘယ်လိုလုပ်သိ"
"ဒေါ်လေးရယ် လုပ်ရက်လိုက်တာ ဒေါ်လေးလုပ်ရက်လိုက်တာ အီးဟီး"
အနွံကချုံးပွဲချငိုလိုက်တော့ ဘေးနားမှလက်ရာက အနွံ့ကိုယ်လေးကိုထိန်းကူထားလိုက်သည်။
"ဒေါ်လေးလုပ်ခဲ့သမျှတွေကိုဝန်ခံပြီး အဖမ်းခံလိုက်ပါဒေါ်လေး မဟုတ်ရင်"
"အနွံ ငါ ငါတောင်းပန်ပါတယ် ငါအဖမ်းခံပါ့မယ် ငါ့အမှားတွေအတွက်ငါပေးဆပ်ပါ့မယ် အီးဟီး"
ဒေါ်လေးကသူ့အမှားတွေကိုဘယ်ချိန်ကတည်းကနောင်တရနေသည်မသိ အနွံပြောလိုက်သည်နှင့် ချက်ချင်းအဖမ်းခံရန်သဘောတူခဲ့သည်။
.......
"အနွံ သက်သေတွေလဲရပြီဆိုတော့ ဇီဇဝါ့ကိုအပြစ်ပေးဖို့ပဲကျန်တော့တယ်"
"ဇီဇဝါကဝန်ခံပါ့မလားဟင် ဦး!!"
"သူဝန်မခံရင်လဲ သက်သေတွေကရှိနေပြီးသားပဲ သူ့အသံ သူစေခိုင်းထားတာအားလုံးရှိနေတော့ အဆင်ပြေပါတယ်"
"တူလေးဆီကိုရော ဘယ်တော့သွားမလဲဟင်"
"အင်း သားလေးသတိရလာမှ ကိုယ်တို့ပြင်သစ်ကိုသွားကျတာပေါ့ သားလေးနားမှာ ဂျွန်လဲရှိနေတော့ဒီမှာအေးဆေးပါ လောလောဆယ် ဇီဇဝါ့ကိုအရင်ဖမ်းကျမယ်နော်"
"ဟုတ်..."
>>>>>
"မောင်...မောင်ဘာတွေပြောနေတာလဲ"
![](https://img.wattpad.com/cover/325237274-288-k773547.jpg)