အမုန်း၏အဆုံး၌{part3}

767 32 0
                                    

🌼အမုန်း၏အဆုံး၌🌼

{အပိုင်း၃}

"အနွံ့မျက်လုံးတစ်ဖက်ကမမြင်ရတော့ဘူး...လုပ်ပါအုံး မမမြနှစ် အနွံ့မျက်လုံးတစ်ဖက်မမြင်ရတော့ဘူး အီးဟီးဟီး..."

ပတ်တီးဖြည်ပြီးသည်နှင့် မြင်ရသည့်တစ်ဖက်မျက်လုံးကိုလက်ဖြင့်ပိတ်ကြည့်၍ ခိုင်းမိသည့်မျက်စိဟာ မမြင်ရတော့သည်ကြောင့် အထိပ်တလန့်ဖြစ်ကာ အော်ဟစ်ငိုကြွေးနေရှာသည်။

"အနွံ...ညီမလေး...စိတ်ကိုထိန်းပါငါ့ညီမလေးရယ် အဆင်ပြေသွားမှာပါ"

"အဟင့်...အီး..ဟီး...ဟီး...အနွံ့မျက်လုံးတစ်ဖက်...မျက်လုံးတစ်ဖက်"

ငိုကြွေးနေသည့်အနွံ့ကိုယ်လေးကိုထွေးပွေ့ရင်း နှစ်သိမ့်ပေးလိုက်သည်။စိတ်မကောင်းမိပေမယ့် မြနှစ်ကိုယ်တိုင်လဲဘာမှမလုပ်ပေးနိုင်တာမို့ ဝမ်းနည်းရုံမှတပါး....

>>>>

[၁၀နှစ်ခန့်ကြာသော်]

"ရော့ ဒီမှာမင်းလက်မှတ်ထိုးလိုက်တော့"

"မောင်..."

"ငါ့ဘက်ကကတိတည်ပြီးပြီမို့ မင်းဘက်ကလဲကတိတည်ပါ"

စားပွဲပေါ်ပစ်ချ၍ပေးလာသည့် ကွာရှင်းစာချုပ်ကြောင့် ဇီဇဝါမျက်နှာဟာ ဇီးရွက်သာသာရှိတော့၍ အလွန်ပျက်ယွင်းနေချေပြီ။

အချိန်က၁၀နှစ်သာကုန်သွားတယ် မောင့်ဘက်ကဇီဇဝါ့ကိုနည်းနည်းလေးတောင်ချစ်မလာခဲ့ပေ။ အချိန်တွေကြာလာရင်ချစ်လာမယ်လို့ထင်ထားခဲ့ပေမယ့် တစ်စက်မှတောင်ဇီဇဝါ့ကိုမကြည့်ခဲ့သလို မနွေးထွေးမကြင်နာခဲ့ပါ။

အိမ်ထောင်သက်၁၀နှစ်အတွင်း တစ်အိပ်ယာထဲအိပ်ဖို့နေနေသာသာ ဇီဇဝါ့လက်ကိုတစ်ခါတောင်ကိုင်ဖူးသည်မဟုတ်ပေ။လက်ထပ်ပြီးသည့်နေ့ကစ၍ အခန်းခွဲအိပ်ကာ သူစိမ်းတစ်ယောက်လိုပင်နေခဲ့သည့်မောင့်ကြောင့် ဇီဇဝါအတော်ပင်စိတ်ပျက်မိပါသည်။

၁၀နှစ်အတွင်းဇီဇဝါ့အပေါ်စိတ်မယိမ်းယိုင်ခဲ့ရင် ကွာရှင်းပေးဖို့ပြောခဲ့သည်ကိုသဘောတူခဲ့သည့် ကိုယ့်ကိုယ်ကို နောင်တရမိသည်။သူ့ကတိအတိုင်း ဇီဇဝါ့အပေါ် နည်းနည်းလေးတောင်စိတ်မယိမ်းယိုင်ခဲ့သလို အမှားတစ်ခုတောင်မလုပ်ခဲ့သူက မောင်ပါ။

အမုန်း၏အဆုံး၌Where stories live. Discover now