🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၂၂}
"သြော်...ဒေါက်တာ"
တွေ့နေကျဒေါက်တာကိုတွေ့လိုက်ရမှစိတ်ထဲထင့်နေတာသက်သာသွားတော့သည်။တစ်ကယ်လဲစိတ်ထင့်စရာပဲလေ လာခေါ်သည့်ဒေါက်တာက ဆရာဝန်နဲ့နည်းနည်းမှမတူတာပဲကို။
"အနွံကဒီကဒေါက်တာကို အစစ်မဟုတ်ဘူးရင်နေတာ"
အနွံ့စကားကြောင့် ခုနလာခေါ်သည့်ဒေါက်တာက သူ့ကိုယ်သူကြည့်ကာ ရီလိုက်ရင်း
"ဟုတ်ပါ့ကျွန်တော်ကိုကဆရာဝန်ပုံစံမပေါက်တာ"
"ဒီဆံပင်တွေညှပ်ဖို့ပြောရတာလဲမောလှပြီ အခုထိနားမထောင်ဘူးလေ"
ဆရာဝန်ကြီးက ထိုဒေါက်တာ၏ဆံပင်များကိုကြည့်ကာပြောလိုက်သည်။
"သြော် ဒါနဲ့ဒေါက်တာ တူလေးကိုကဘာထပ်စစ်ဆေးရမှာလဲဟင်"
"အင်း သူ့ရဲ့ဦးနှောက်ကိုဓာတ်မှန်ပြန်ရိုက်ပြီး ရလဒ်ကောင်းရင် ဆေးရုံကပေးဆင်းမလို့ပါ အခြားထွေထွေထူးထူးတော့မဟုတ်ပါဘူး ကလေးကအတော်ကိုသက်သာနေပြီဆိုတော့လေ"
"သြော် ဟုတ်ကဲ့ဒေါက်တာ ဒါဆို အနွံ့ကိုဖုန်းဆက်ဖို့အတွက် ခဏလောက်ခွင့်ပြုပါအုံး"
"ကောင်းပါပြီ..."
တူလေးဆေးရုံကဆင်းရတော့မည်ဆိုတာ75%သေချာနေပြီမို့ ဦးကိုဖုန်းဆက်ရန်အနွံ ဆေးရုံစင်္ကြန်လမ်းဘက်ထွက်လာခဲ့လိုက်သည်။
"လမ်းလေးနည်းနည်းလောက်..."
သြရှရှအသံနှင့်အတူလမ်းဖယ်ခိုင်းနေသည်ကြောင့် အနွံဘေးသို့ကပ်ရပ်လိုက်သည်။
*ဒီလောက်လမ်းအကျယ်ကြီးကိုဘာလို့များဒီဖက်ထိတိုးပြီးလာဖယ်ခိုင်းနေလဲမသိဘူး*
စိတ်ထဲ၌အနည်းငယ်အလိုမကျဖြစ်ကာဘေးသို့ရပ်ရင်းမျက်လုံးကထိုလူအားကြည့်မိလိုက်သည်။ကြောက်မက်ဖွယ်ရာပြုံးပြနေပုံက အနွံ့လိပ်ပြာပင်လွင့်တော့မည့်အလား။ကြည့်နေရင်းမှာပင် မြန်ဆန်သောထိုလူ၏လက်က အနွံ့လည်ပင်းဆီရောက်လာ၏
အ!!
စူးခနဲဖြစ်သွားရကာ ပါးစပ်အဟောင်းသားနှင့်ထိုလူ၏လုပ်ရပ်ကိုငေးကြည့်နေမိသည်။