Episode 3

1.1K 110 2
                                    

ကျွန်မနိုးလာသောအခါ မြနန္ဒာကိုမတွေ့ရတော့ပါ။ဘယ်အချိန်ကထွက်သွားလဲမသိလိုက်အောင် ကျွန်မ အိပ်ပျော်နေခဲ့သည်။ဆိုဖာပေါ်တွင် ခေါက်တင်ခဲ့သည့် စောင်ကိုသာတွေ့ရတော့သည်။

ဆယ်နာရီတွင်ခွဲစိတ်ရမည်ဖြစ်၍ green cross သို့ထွက်လာခဲ့သည်။

ခွဲခန်းသူနာပြု ဒေါ်မေသီက ဦးဆောင်၍ ခွဲစိတ်ရာတွင် အသုံးပြုထားသော ကိရိယာတန်ဆာပလာများကို စာရင်းနှင့်တကွ တိုက်စစ်သည်။ထို့နောက် ဆရာဂျေမီသည် လူနာ၏ ဝမ်းဗိုက်အတွင်း ပစ္စည်းများကျန်မကျန်စစ်ဆေး၏။

"ဗိုက်ပိတ်လိုက်တော့ ဒေါက်တာ"

လူနာ၏ ဗိုက်ကို ပိတ်ရန်ကျွန်မအား မှာကြားခဲ့ပြီးနောက် ဆရာထွက်သွားသည်။လူနာကိုမေ့ဆေးကနေနှိုးကာ recovery အခန်းထဲတွင် နာရီဝက်လောက်စောင့်ကြည့်ကြရသည်။ထိုအချိန်တွင် ကျွန်မတို့က နားနေခန်းထဲတွင် နားနေကြသည်။
လူနာ အိုကေပြီ ဟုလာပြောချိန်တွင် ကျွန်မ၏ဖုန်းမြည်လာခဲ့သည်။ကြည့်လိုက်တော့ ပိုင်ပိုင်တဲ့။

"အင်း ပိုင်ပိုင်"

"မမ အခုဘယ်မှာလဲ"

"ဆေးရုံမှာလေ၊ပိုင်ပိုင်ဘာပြောမလို့လဲ"

"မေမေ့ဆီဖုန်းဆက်တာ ဖုန်းမကိုင်လို့၊အခုလာမကြိုနဲ့တော့လို့ပြောမလို့မမရယ်"

"ပိုင်ပိုင် အခုဘယ်မှာလဲ"

"ကျောင်းမှာ မမရဲ့၊ဒီနေ့ပိတ်ရက်ဆိုတော့presentation အတွက် ပြင်စရာလေးတွေရှိတာနဲ့ ကျောင်းမှာသူငယ်ချင်းတွေစုလိုက်တာ၊အခုထိမပြီးနိုင်သေးလို့၊သုံးနာရီလောက်မှပြီးမှာဆိုတော့ ပြီးမှ ပိုင်ပိုင် လိုင်းကားနဲ့ပဲပြန်ခဲ့တော့မယ်ပြောမလို့ဟာ ၊မေမေက ဖုန်းမကိုင်ဘူး"

"ဒါဆို မမ ပြောပေးမယ်၊အခုပဲ ပြန်တော့မှာ"

ပိုင်ပိုင်က ကျေးဇူးတင်စကားပြော၍ ဖုန်းချသွားသည်။အစ်မတစ်ယောက်လို သဘောထားကာ ကျွန်မအပေါ် ချွဲချင်နေမှန်း သိပါသည်။ငြိမ်း သည်လည်း တစ်ဦးတည်းရှိသော အစ်မမို့ ချွဲချင် ၊ဆိုးချင်ကာ ခနခနလည်း စိတ်ကောက်တတ်သည်။အခုတလော ငြိမ်းကိုတွေးမိလျှင် အရင်ကလောက် ဝမ်းမနည်းတော့ပေ။ဘာကြောင့်လဲတော့မသိ။

To Cathy With LoveWhere stories live. Discover now