Episode 15

925 86 5
                                    

ကျွန်မ ရောက်သွားသည့်အချိန်တွင် မမလဲ့ရီသည် အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေလေသည်။မမလဲ့ရီသည် ဖုန်းမဆက်ဘဲ မပြောမဆိုရောက်ချလာသောကျွန်မကို မြင်၍ အံ့သြသွားသည်။ကျွန်မကို အခန်းထဲဝင်စောင့်နေရန် မျက်ရိပ်ပြသည်။

ဆယ့်ငါးမိနစ်ခန့်မျှ စောင့်နေပြီးနောက် မမလဲ့ရီဝင်လာသည်။

"ဘယ်လိုဖြစ်လို့ ဖုန်းမဆက်အကြောင်းမကြားဘဲ ရောက်လာတာလဲ ကေသီရယ်၊တစ်ယောက်ပဲကျန်တော့လို့တော်သေးတာပေါ့၊ကဲ ဘာတွေအရေးကြီးလာသလဲပြော"

"လာဖို့အစီအစဥ်မရှိဘဲ မမလဲ့ရီရယ်၊ဂျူတီပြီးတော့မှ သွားချင်စိတ်ပေါ်လာတာနဲ့ လမ်းရောက်မှဖုန်းဆက်လိုက်တာ မမဖုန်းကမအားသေးပါတဲ့၊မြနန္ဒာအခြေအနေသိချင်လို့ပါ"

မမလဲ့ရီက ကျွန်မအတွက်ပါ ကော်ဖီဖျော်ပေးသည်။

"မြနန္ဒာလား၊သူက စိုးရိမ်စရာတော့မလိုပါဘူး၊စိတ်အတက်အကျမြန်တာလေးတစ်ခုပဲ၊မမမေးတာတွေလည်း အေးအေးဆေးဆေးဖြေနိုင်တယ်၊ပထမဆုံးတစ်ခေါက်ထက်စာရင်တော့ တိုးတက်လာပြီလို့ပြောလို့ရပါတယ်၊ဒီထက်ပိုပြီးပြောလို့မရတော့ဘူးနော်ကေသီ၊တို့လူနာရဲ့ privacy မို့ပါ၊သိချင်ရင် မြနန္ဒာဆီမှာထပ်မေးကြည့်"

"သိပါတယ် မမရာ၊ကေသီက မမနဲ့လည်းဖုန်းပဲပြောဖြစ်ပြီး မတွေ့ဖြစ်တာကြာပြီမို့လို့ပါ"

"မပိုစမ်းပါနဲ့ကေသီရယ်၊တို့ညီမအကြောင်း မသိဘူးများထင်နေလား၊နင်ဘယ်တုန်းက သူစိမ်းတစ်ယောက်ကို အခုလိုအရေးတယူလုပ်ဖူးလို့လဲ၊ပြောစမ်း မြနန္ဒာမှာ အစ်ကိုတွေမောင်တွေရှိသေးလား၊အစ်ကိုနဲ့လား ဒါမှမဟုတ် မောင်နဲ့လား"

"အို မမရယ်၊မဟုတ်ပါဘူး၊အစ်ကိုတွေမောင်တွေလည်းမရှိပါဘူး၊အခန်းနီးချင်းတွေမို့ ခင်နေကြတာပါ"

မမလဲ့ရီက စနောက်နေကျပေမယ့် ကျွန်မ ပြာပြာသလဲငြင်းမိသည်။

"ဟုတ်လား၊မမဆေးခန်းနဲ့ချိတ်ပေးရတဲ့အထိတောင်စိုးရိမ်​နေတာဆိုတော့ တော်တော်ခင်နေပြီထင်တယ်"

မမလဲ့ရီသည် ကျွန်မကိုအဓိပ္ပါယ်ပါပါကြည့်၍ ပြောသည်။ဘုရားရေ၊ကျွန်မအခုမှ သတိဝင်လာသည်။မမလဲ့ရီဟာ မိန်းကလေးချင်းချစ်တဲ့သူပဲ။ကျွန်မ သူ့ဆီမှာမမိအောင် ဟန်ဆောင်ရသည်။

To Cathy With LoveWhere stories live. Discover now