Episode 13

906 88 0
                                    

"Happy Birthday ကေသီ၊ပြီးတော့ congratulations "

ဆရာဂျေမီက ရောက်ရောက်ချင်းပင် ကျွန်မကို နှုတ်ဆက်၏။တီချယ်မြမာလာလည်း ဆရာနှင့်အတူရောက်လာသည်။တီချယ့်လည်ပင်းရှိဆွဲကြိုးလေးကိုကြည့်၍ ကျွန်မပြုံးမိသည်။ပြီးတော့ ဇော်ပိုင်၏ မဆုံသောလမ်း သီချင်းကိုသတိရမိသည်။သိပ်မကြာခင်က ဖေ့စ်ဘုတ်ပေါ်မှာတွေ့လိုက်သော စာသားတစ်ချို့ကိုလည်း မြင်ယောင်မိသည်။

ဘဝတစ်ကွေ့မှာတွေ့ခဲ့ကြပြီး အဲဒီတစ်ကွေ့မှာပဲ ပြန်လွဲသွားကြသော တွေ့ဆုံမှုများအကြောင်းတဲ့။နာကျင်စွာလက်ခံရတတ်သော လက်တွေ့အကျဆုံးဖြစ်ရပ်တွေပါပဲ။ငယ်စဥ်တုန်းကနားထောင်နေကျ ပုံပြင်များတွင် ကြားရ​လေ့ရှိသော မင်းသားနှင့် မင်းသမီးပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်း ဆိုသည့် ဇာတ်သိမ်းမျိုးသာ မျှော်လင့်ထားရအောင်လည်း ဘဝဆိုတာ ပုံပြင်တစ်ပုဒ်မဟုတ်ခဲ့ပါ။

ကျွန်မ အခန်းပြန်ရောက်တော့ မြနန္ဒာ၏အခန်းတံခါးပွင့်နေသည်ကိုတွေ့ရသည်။
ခေါ်ကြည့်သော်လည်း အသံမကြား၍ ဝင်သွားလိုက်သည်။
စားပွဲတွင်ထိုင်နေသော မြနန္ဒာကို တွေ့ရသည်။စားပွဲပေါ်တွင် ဆိုဂျူပုလင်းရယ် ခွက်သေးလေးတစ်လုံးရယ်ရှိ၏။ကျွန်မကို သူမမြင်ပါ။

"မြနန္ဒာ "

"အော် ကေသီ၊လာလေ"

မြနန္ဒာသည် ချက်ချင်းပင် သူ့ရှေ့မှ ပုလင်းနှင့်ခွက်ကို သိမ်းလိုက်လေသည်။

"တံခါးပွင့်နေတာနဲ့ ခေါ်ကြည့်တာ၊အသံမကြားလို့ ဝင်လာလိုက်တယ်"

"ဟုတ်သားပဲ၊တံခါးဖွင့်ခဲ့တာကိုမေ့နေတယ်"

မြနန္ဒာသည် တံခါးပိတ်ရန်ထသွား၏။စကားပြောနေသော်လည်း ကျွန်မကိုမကြည့်ချေ။

"တံခါးမပိတ်နဲ့တော့မြနန္ဒာ၊ကျွန်မ အခန်း​​ပြန်တော့မယ်၊အခုမှအပြင်က ပြန်ရောက်တာ၊ဒါနဲ့ ပိုင်ပိုင် အိပ်ပြီလား"

မြနန္ဒာသည် တံခါးနားမရောက်ခင်တွင် ပြန်လှည့်လာသည်။ကျွန်မကို မကြည့်ဘဲ မျက်လွှာချထား၏။စကားလည်းပြန်မပြောပါ။စိတ်အခြေအနေမကောင်း၍ စကားမပြောချင်ဖြစ်နေတာလားမသိဘူး။ကျွန်မ အလိုက်သိစွာဖြင့် တိတ်ဆိတ်စွာထွက်ခဲ့သည်။

To Cathy With LoveWhere stories live. Discover now