Episode 18

957 91 2
                                    

"မေမေ၊ ရောက်ပြီ"

ကားပါကင်ရောက်သည့်အခါ ပိုင်ပိုင်သည် အိပ်ပျော်နေသော မြနန္ဒာကို နှိုးလိုက်သည်။

အခန်းထဲသို့မဝင်ခင် တံခါးဝတွင် မြနန္ဒာသည် ကျွန်မကို လှမ်းခေါ်သည်။ပိုင်ပိုင်သည် အခန်းထဲဝင်နှင့်ပြီ။

"ဂျူတီသွားရမယ်မလားကေသီ၊မနက်စာ စားသွားနော်၊အဆင်သင့်ဖြစ်ရင်ခေါ်လိုက်မယ်"

အထင်နှင့်အမြင်တလွဲစီဖြစ်နေ၍ ပျော်မိသော်လည်းကျွန်မ ငြင်းလိုက်မိသည်။

"မစားတော့ဘူးမြနန္ဒာ၊မမဝေက မနက်စာစားဖို့ကျွန်မကိုစောင့်နေမယ်ဖုန်းဆက်ထားတယ်"

ဒီလိုအခြေအနေနဲ့ သူ့အနားမှာ တည်ငြိမ်နေနိုင်မယ်လို့ ကျွန်မ မထင်။ပိုင်ပိုင်လည်း ရှိနေတယ်မဟုတ်လား။

"ကောင်းပါပြီကွယ်"

မြနန္ဒာသည် ဖျော့တော့သည့်အပြုံးကိုပြုံးပြကာ အခန်းထဲဝင်သွားလေသည်။
ကျွန်မ သက်ပြင်းများသာ ချမိသည်။ထိုင်လိုက်သည့်အခါ ကျွန်မ၏ ခန္ဒာကိုယ်သည် ပြိုလဲတော့မည်ဟုထင်ရလေသည်။ ကျွန်မ ရှင့်အနားမှာဒီလိုသာဆက်နေရရင် ဘယ်အချိန်ထိ ဟန်ဆောင်နေနိုင်မယ် ထင်သလဲ မြနန္ဒာရယ်။

မြန္ဒာသည် ကျွန်မအပေါ် အရင်အတိုင်းပဲ အခင်အမင်မပျက် ဆက်ဆံသည်။ကျွန်မကမူ သူနဲ့ ဝေးရာကိုသာ ပြေးချင်နေတော့သည်။
ပီယာနိုတီးဖို့ ခေါ်သည့်အခါခေါ်ပြီး ၊ညစာလည်း ချက်ထားတတ်သည်။

မအားဟုအကြောင်းပြပြီး ငြင်းခဲ့သည့်အကြိမ်များပေမယ့် ကျွန်မငြင်းလျှင် မျက်နှာလေးညှိုးသွားတတ်သည်။ငြင်းရသည့်အကြောင်းအရင်းကို သူရောကျွန်မရော သိနေကြသောကြောင့် မတတ်နိုင်၍ လက်လျှော့ရသည့် ပုံစံနှင့်ကြည့်တတ်သည်။ထိုအခါ ကျွန်မရင်ထဲတွင် သူ့ကိုမြတ်နိုးစိတ်ဖြင့် ရင်ခုန်မိသော်လည်း သူဖြစ်စေချင်သလို ရိုးရိုးသားသားခင်မင်မနေနိုင်သောကြောင့် ဝမ်းနည်းမိ၏။သနားစိတ်လည်းဖြစ်မိသည်။ထိုကြောင့်ပင် မငြင်းနိုင်သည့်အခါများတွင် ပီယာနိုသွားတီးနေမိသည်။

ပိုင်ပိုင် ရှိနေသောကြောင့် အနေရသိပ်မကျပ်ချေ။ပီယာနိုတီးနေကြလျှင်တော့ ကျွန်မတို့သည် ဘာကိုမှသတိမရတော့။ ကျွန်မတို့၏ကမ္ဘာတွင် တေးသွားများသာရှိတော့သည်။သီချင်းဆုံး၍ ကျွန်မဘေးတွင် ရှိနေတာ မြနန္ဒာပါလားဟု သတိဝင်မိလျှင် ရင်ခုန်ကြည်နူးမိရသည်။မြနန္ဒာ၏ မျက်နှာကလေးကိုငေးကြည့်မိလျှင်တော့ ငါမပိုင်ဆိုင်ရပါလားဟူသော စိတ်ဖြင့် ရင်ထဲတွင် တင်းကြပ်လာမြဲ။ထိုအခါမျိုးတွင် မောသွား၍ ရေထသောက်သည့်ပုံစံ ဟန်ဆောင်တတ်ခဲ့ပါသည်။

To Cathy With LoveDonde viven las historias. Descúbrelo ahora