Episode 28(Ending)

2.3K 126 42
                                    

မြနန္ဒာ မျက်ဝန်းများ မှိတ်ချလိုက်သည့်အခါ ကျွန်မ သူ့နှုတ်ခမ်းများကို ဖွဖွလေးနမ်းလိုက်သည်။ထိုခနတွင် နှလုံးသွေးများသည် ပူနွေးလာကာ တစ်ကိုယ်လုံး ပျံ့နှံ့သွားလေသည်။

ကျွန်မ မျက်လုံးများပြန်ဖွင့်လိုက်သည်။မြနန္ဒာကမူ တဖြည်းဖြည်းချင်းဖွင့်လာသည်။

"မြနန္ဒာ"

"ကျွန်မ သိပ်မကြာသေးခင်က ကြည့်ဖြစ်တဲ့ ရုပ်ရှင်တစ်ကားရှိတယ်"

"အင်း"
ကျွန်မ တို့နှစ်ယောက်၏ မျက်နှာများသည် နီးကပ်နေပြီး အကြည့်များကို လွှဲ၍မရချေ။

"အဲဒီဇာတ်ကားမှာပါတဲ့ စာသားတစ်ချို့ရှိတယ်"

"ဘာတဲ့လဲ"

"ဗုဒ္ဓဘာသာအယူမှာ သူစိမ်းနှစ်ယောက် လမ်းသွားရင်း မတော်တဆ အဝတ်အစားချင်း တိုက်မိရင်တောင် သူတို့နှစ်ယောက်ကြား အရင်ဘဝက ရေစက်ရှိခဲ့လို့တဲ့၊ချစ်သူနှစ်ဦး ချစ်သက်ကြည်ဖြူလို့လက်ထပ်ဖြစ်ကြရင်တော့ သူတို့နှစ်ယောက်ကြား သူတို့ရဲ့ အရင်ဘဝပေါင်း ၈၀၀၀မှာ ရေစက်ပေါင်း ၈၀၀၀ တိတိ ဆုံခဲ့ဖူးကြလို့လို့ ဆိုကြတယ်တဲ့"

"ဟုတ်လား၊သိပ်လှတဲ့စာသားပဲ"

"ကျွန်မတို့နှစ်ယောက်ကရော အရင်ဘဝက ဘယ်လိုတွေပတ်သက်ခဲ့ကြမယ်ထင်လဲဟင်"

"သိပ်ချစ်ကြတဲ့ချစ်သူတွေများလား"

မြနန္ဒာသည် စဥ်းစားရင်းပြောနေသည်။

"ဒါမှမဟုတ် မတည့်အတူနေ မောင်နှမတွေဖြစ်ခဲ့ကြလောက်လား၊မဟုတ်လည်း တို့က ဆရာဝန်ဖြစ်ပြီး ကေသီက တို့ရဲ့လူနာဖြစ်ခဲ့မလားတောင်မသိဘူး"

"ဘဝပေါင်း ၈၀၀၀မှာ ရေစက်ပေါင်း ၈၀၀၀ ရှိခဲ့လောက်လားဟင် မြနန္ဒာ"

"အဲဒါတော့ ဘယ်သိမလဲ ကေသီရယ်၊ကေသီက ဘာဖြစ်လို့ မေးတာလဲ"

"ရေစက်ပေါင်း ရှစ်ထောင်မပြည့်ခဲ့လို့ ထင်ပါရဲ့၊ အဲဒီကားထဲမှာ မင်းသားနဲ့မင်းသမီး မပေါင်းဖက်လိုက်ရဘူးလေ"

"အိုကေသီရယ်၊ ကေသီပြောတဲ့စကားထဲမှာ ပါပြီးသားပဲကွယ်၊ဗုန္ဓဘာသာအယူလို့ပြောတယ်မဟုတ်လား၊လူတွေရဲ့ ထင်မြင်ယူဆချက်သက်သက်ပဲလေ၊ကေသီက တို့တွေလဲ ဇာတ်ကားထဲကလိုဖြစ်မှာစိုးနေတာမလား"

To Cathy With LoveWo Geschichten leben. Entdecke jetzt