Episode 25

895 96 2
                                    

မနက် ရှစ်နာရီလောက်တွင် ပိုင်ပိုင်နှင့်သင်ဇာရောက်လာသည်။လေးယောက်သား နာမည်ကြီးသော နေရာများကို အရင်သွားကြသည်။ပန်းခြံများတွင် ခနနားကြသည်။စျေးတန်းများကို လျှောက်ကြည့်ကြသည်။ ပိုင်ပိုင်ပူဆာ၍ ချားရဟတ်စီးကြရသည်။မြနန္ဒာကမူ ဘယ်လိုခေါ်ခေါ်မရ။

ရန်ကုန်မှာတုန်းက ပိုင်ပိုင်စီးချင်၍ မြနန္ဒာ နှင့်ကျွန်မ ရပ်ကြည့်ခဲ့ကြသည်ကို သတိရမိပြန်သည်။အချိန်တွေကုန်တာ မြန်လိုက်တာကွယ်။

မြနန္ဒာသည် အော်ပရာကြည့်ချင်သော်လည်း ရုံပိတ်သွား၍ မကြည့်ခဲ့ရ။မနက်ဖြန်မှ ကျွန်မ လိုက်ပြမည်ဟု ပြောထားရသည်။အဆောင်မပိတ်ခင် ပြန်ရမည်ဖြစ်၍ ပိုင်ပိုင်နှင့်သင်ဇာသည် ကျွန်မတို့ကို နှုတ်ဆက်သည်။မြနန္ဒာပြန်မည့်ရက်တွင် ပိုင်ပိုင်ကျောင်းတက်နေရမည်ဖြစ်သောကြောင့် မြနန္ဒာကို လိုက်မပို့နိုင်တော့။ မြနန္ဒာသည် ပိုင်ပိုင်ကိုတင်းကျပ်စွာဖက်ထားပြီးမှ လွှတ်လိုက်သည်။

ပိုင်ပိုင်တို့ပြန်သွားပြီးနောက် တိုက်ခန်းသို့ရောက်သည်အထိ မြနန္ဒာ ငြိမ်နေသည်။ကျွန်မ သူ့အတွက် ကော်ဖီပူပူတစ်ခွက်ဖျော်ကာ ရှေ့တွင်ချထားပေးလိုက်သည်။

"ကျွန်မ သူ့ကိုစောင့်ရှောက်မှာပါမြနန္ဒာ"

သူရှိုက်လိုက်သည့်အခါ ကျွန်မသူ့ရှေ့သို့အပြေးရောက်သွားသည်။သူ ကျွန်မကို မှီကာ ဖက်ထားသည်။

နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် မြနန္ဒာနှင့်အတူ အော်ပရာသွားကြည့်ကြသည်။​အော်ပရာပြီး၍ ပြန်ထွက်လာသောအခါ လမ်းရှေ့တွင် ပီယာနိုတီးနေသည့် လူတစ်ယောက်ကို တွေ့ရသည်။နားထောင်နေသည့်လူအနည်းငယ်သာရှိသည်။ သူ့ရှေ့တွင် ချထားသည့် သားရေဦးထုပ်ထဲတွင် အကြွေစေ့များရှိနေသည်။

"နားထောင်မလား"

မြနန္ဒာ ကျွန်မကိုမေး၍ အတူတူနားထောင်ဖြစ်ကြသည်။သီချင်းဆုံးသွားသောအခါ မြနန္ဒာသည် ဦးထုပ်ထဲသို့အကြွေစေ့များသွားထည့်သည်။ ပီယာနိုတီးသည့် လူက မြနန္ဒာကို ပြုံးပြကာ အနားကပ်၍ တစ်ခုခုလှမ်းပြောနေသည်။မြနန္ဒာသည် သဘောကျ၍ ရယ်လိုက်သည်ကို မြင်ရ၏။

To Cathy With LoveWhere stories live. Discover now