Episode 5

1.1K 100 6
                                    

အခန်းတံခါးခေါက်ပြီးမှ ကျွန်မရှေ့တွင် ပေါ်လာမည့်မြနန္ဒာကိုမြင်ယောင်ပြီး ငါခေါက်မိတာမှားသွားပြီဟုတွေးကာ နောင်တရချင်သွားသည်။ရင်ကလည်း နည်းနည်းခုန်ချင်သည်။

"ဟင်"
တံခါးနောက်တွင် ပေါ်လာသူမှာ မြနန္ဒာနှင့်တူပြီး မြနန္ဒာတော့မဟုတ်ပါ။ဒေါ်မြမာလာလည်းမဟုတ်ချေ။

"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"

အသံကတော့ မြနန္ဒာနှင့်ဆန့်ကျင်စွာ နွေးထွေးပြီး၊အပြုံးကဖော်ရွေသည်။အဲ...မြနန္ဒာလိုပဲလှသည်။မြနန္ဒာနှင့်လည်း သိပ်တူသည်။

"အို မမကေသီ၊လာလေ"
ပိုင်ပိုင်က သူ့နောက်မှပေါ်လာကာ ကျွန်မကို ခေါ်သည်။

"မေသန္တာ၊ဒါရှေ့ခန်းက ပိုင်ပိုင်နဲ့ခင်နေတဲ့အစ်မကေသီလေ"

ပိုင်ပိုင်က ထိုအမျိုးသမီးကိုလှည့်ပြောသည်။

"ဟုတ်လား၊လာလေ ညီမ၊ထိုင်၊အစ်မသောက်
စရာတစ်ခုခုသွားလုပ်လိုက်မယ်"

ကျွန်မ တားချိန်ပင်မရလိုက် ၊ထိုအမျိုးသမီးမီးဖိုခန်းဖက် ဝင်သွားသည်။ပိုင်ပိုင်သည် ခေါင်းကို dryerဖြင့်မှုတ်နေရင်း ကျွန်မ​ရှေ့တွင်ဝင်ထိုင်သည်။

"ပိုင့်ပိုင့်အဒေါ်လေ မမ၊မြသန္တာတဲ့၊ပိုင်ပိုင်ကတော့မေသန္တာလို့ပဲခေါ်တယ်၊မေမေထက်ငါးနှစ်ကြီးတယ်"

"လာနေပေးတဲ့အဒေါ်ဆိုတာမဟုတ်လား"

"ဟုတ်တယ်မမ၊ပိုင်ပိုင်မွေးနေ့တုန်းက ခရီးလွန်နေလို့ ခုမှ မွေးနေ့လက်ဆောင်လာပေးတာ"

မြသန္တာသည် ကျွန်မအတွက် သောက်စရာလာချပေးရင်း ပြုံးပြသည်။

"ပိုင်ပိုင်ကညီမအကြောင်းပြောပြပါတယ်၊သူ့အမေမြနန္ဒာက သူ့အလုပ်နဲ့သူမအားတတ်တော့ ပိုင်ပိုင့်ကိုစောင့်ရှောက်ပေးဖို့အကူအညီတောင်းပါရစေ၊တစ်ခုခုဆိုရင်အစ်မကိုဖုန်းလှမ်းဆက်လိုက်ပါကွယ်"

"ရေခဲသေတ္တာထဲမှာ အစုံဖြည့်ထားခဲ့တယ်နော်ပိုင်ပိုင်၊အဲဒီဆံပင်ကိုမြန်မြန်ခြောက်အောင်လုပ်စမ်း၊မေသန္တာသွားပြီနော်"

"ဟုတ်ကဲ့ပါ မေသန္တာရဲ့၊မေသန္တာ ကားကိုဖြည်းဖြည်းမောင်းနော်၊တ့တာ"

To Cathy With LoveWhere stories live. Discover now