Character Intro

215 12 0
                                    

မြတ်တေဇ

မေမေ သားတို့တွေဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့
စွမ်းအားတွေ တစ်ခုစီပိုင်ဆိုင်ထားကြတယ်။
မေမေဟာ လူတွေကို စိတ်စွမ်းအင်နဲ့ ကုသပေးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာပြီးတော့ လေးလေးက လူတွေရဲ့ စိတ်တွေကိုဖတ်နိုင်ခဲ့တယ်။
သားအတွက်ကျရော မေမေ...?

------------------------

ပါမောက္ခ ဒေါက်တာ ဒေါ်ခင်မေသန်း
စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး
(မြတ်တေဇ​၏ မိခင်)

ပန်းပွင့်တွေ ပွင့်ဖို့ အချိန်တစ်ခုကို မေမေတို့စောင့်ကြရတယ် သား။
သားဟာ သားရဲ့စွမ်းအင်ဟာ ဘယ်လိုမျိုးလဲဆိုတာ
သားတစ်နေ့ကျမှ သိလာလိမ့်မယ်။
မေမေတို့ဟာ ကိုယ့်ရဲ့အစွမ်းအစကို ထုတ်ပြောခွင့်မရှိဘဲ ဟောဒီကမ္ဘာကြီးကို ကယ်တင်ကြရမယ့် မျိုးရိုးပဲ။

--------------------------

ပိုင်စိုး
(မြတ်တေဇ​၏ ဦးလေး)

မင်းရည်မွန့်ကို ပစ်ပယ်တယ်။
ငါကရည်မွန့်ဘေးအမြဲရှိတယ်။
မင်းက ရည်မွန့်ကို လိုမှသုံးတယ်။
ငါကရည်မွန် လိုတိုင်းရှိပေးတယ်။
အချစ်ဟာ လိုသုံးမဟုတ်ဘူး ဖိုးကျော်ရာ
ငါရည်မွန့်ကို တကယ်ချစ်တယ် ဟေ့ရောင်...

-------------------------------

ကျော်ကျော်ခန့်

နဂိုတည်းက အရိုင်းဆန်ပြီး လှိုင်းလို ဆောက်တည်ရာမဲ့နေတဲ့ငါ့ဘဝက တည်ငြိမ်တဲ့ ပင်လယ်မှာပဲ အသက်ရှင်နိုင်မှာ...
ရည်မွန်ဟာ ငါ့အတွက်အဲ့လိုလူမဟုတ်ဘူး။
သတိုးလို သူက တည်တည်ငြိမ်ငြိမ်နဲ့ ငါ့ကိုပဲ့ကိုင်ပေးမှာမဟုတ်ဘူး။
ရည်မွန့်ဘဝက အရိုင်းဆန်တယ်။
ငါအဲ့တာကြောင့်သူ့ကိုမရွေးချယ်ခဲ့တာ....

-------------------------------

ရည်မွန်

ငါဘယ်ချိန်ထိ လူတွေရဲ့ဘဝမှာ
အဖြည့်ခံဖြစ်နေရတာလဲ ပိုင်စိုးရယ်...
ဒီဘဝမှာ အချစ်ဆိုတာရော ငါတွေ့နိုင်ပါတော့မလား။
ယောက်ျားတွေဟာ နောက်ယောက်ျားတစ်ယောက်ကိုရော အတည်တကျချစ်နိုင်ရဲ့လား ဟင်။

-------------------------------

မင်းသတိုး

ကိုယ် ကိုကိုဖိုးကျော်ကို ချစ်တယ်။ ကျော်က မတည်ငြိမ်တဲ့ဘဝမို့ ကိုယ်ထိန်းဖို့ လိုနေတာကိုလည်းသိတယ်။ ကျော့်ကို ကိုယ်ဒါကြောင့်လည်း ပိုင်ဆိုင်ချင်ခဲ့တာလေ။

-------------------------------

သူတို့ကမ္ဘာမှာ ဒေလီယာတွေWhere stories live. Discover now