Author's note

61 10 4
                                    

ဒီဝတ္ထုဟာ နွေဒဏ္ဍာရီထဲက နွေရိပ်နှင့် ခန့်တို့ သူငယ်ချင်း မြတ်တေဇ၊ တေဇ အမေ နဲ့ သူ့ဦးလေးတို့ရဲ့ မိသားစုအကြောင်း သီးသန့်ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ခါတိုင်းလို နေသစ်သွေးရဲ့ ယူနီဗာ့စ်တစ်ခုပဲဆိုပါတော့။

ဒီဝတ္ထုဟာ တေဇဦးလေး ပိုင်စိုးရဲ့ အချစ်ဝတ္ထုလို့ ပြောရင် ပိုမှန်လိမ့်မယ်။
ပိုင်စိုး၊ ကျော်ကျော်၊ သတိုး၊ ရည်မွန် ကောင်လေး လေးယောက်ရဲ့ ဆယ်ကျော်သက် အချစ်ပုံပြင်လေးတစ်ပုဒ်လို့ပဲပြောရမလားမသိပေမယ့် အသက်၁၈ ရွယ်မှာ ကိုယ်ရေးခဲ့တဲ့ အချစ်ဝတ္ထုတွေနဲ့  မတူလောက်ဘူးလို့ မျှော်လင့်လို့တော့ရပါရဲ့။

နောက်ပြီး ဒီဇာတ်လမ်းလေးဟာ

ကျော်ကျော့်ရဲ့ ဘဝအကြောင်း၊
သတိုးက ကျော်ကျော့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊
ရည်မွန်ရဲ့ ကျော်ကျော့်အပေါ် အနစ်နာခံမှုတွေ၊
ပိုင်စိုးတစ်ယောက်ရဲ့ ဝေခွဲမရဖြစ်ခဲ့ရတဲ့ အချစ်တွေ၊
ပိုင်စိုးရဲ့ ရည်မွန့်အပေါ် ထားတဲ့ ကရုဏာတွေ

သူတို့လေးယောက်ကြားက
မတူညီတဲ့ အချစ်ဘာသာစကားတွေကို

ရည်ရွယ်ပါတယ်။

နေသစ်သွေး

သူတို့ကမ္ဘာမှာ ဒေလီယာတွေWhere stories live. Discover now