၉/ ပိုင်စိုးဒိုင်ယာရီ (၅)

28 1 2
                                    

အချစ်ဆိုတာ နူးညံ့တဲ့ပန်းတစ်ပွင့်မဟုတ်ဘဲ
ဆူးတွေ အထပ်ထပ်ခြံရံထားတဲ့ ပန်းဖြစ်ခဲ့တယ်
ပန်းကိုချစ်ခဲ့မိပေမယ့် ဆူးတွေကြောက်တယ်
ဟုတ်တယ် ကိုယ်လေ ရည်မွန့်ကို ချစ်ပေမယ့် ကြောက်တယ်...
---------------------

"ခွပ်..." ထိုအသံမတိုင်ခင် ကိုယ့်တည့်တည့်ကို ရွယ်ခဲ့တဲ့ လက်သီးကြောင့် ကိုယ်လဲကျသွားပြီ။

"ဖိုးကျော်ရယ် တော်ပါတော့ ငါတောင်းပန်ပါတယ်"
ရည်မွန့်အသံကို ကြားပေမယ့် ကိုယ့်မျက်လုံးထဲ ဝေဝါးသွားပြီး ပြန်ထလိုက်မိတယ်။ ပြီးတော့ ကိုယ်သူ့ကိုထိုးမလို့ ရွယ်တော့ ရည်မွန်ကပဲ ကြားထဲမှာနေပြီး

"တော်ပြီ မင်းတို့ကလည်း ရန်မဖြစ်ကြနဲ့လေကွာ..."

အဲ့ဒီနေ့က ကျော်ကျော်ခန့်တစ်ယောက်ရဲ့ ဒေါသတွေကို မျက်ဝါးထင်ထင်မြင်မိခဲ့တဲ့ နေ့တစ်နေ့ပဲ။ ကျော်ကျော်ဟာ ဘာလို့ရည်မွန့်ကို မချစ်နိုင်ဘဲ ရည်မွန့် နှလုံးသားကို ဆော့ကစားနေခဲ့ရတာလဲ ကိုယ်မသိနိုင်တော့အောင် စိတ်ရှုပ်ရတယ်။

"ငါ ရည်မွန့်ကိုချစ်မိတာ အပြစ်လား ငါမင်းကိုလုံးဝနားမလည်နိုင်ဘူး.. ခုဒီမှာရည်မွန်လည်းရှိနေတုန်း မင်းဖြေ...။ ဖိုးကျော် မင်း သတိုးကိုအခုဖြတ်ပြီး ရည်မွန်နဲ့တွဲမလား အဲ့တာဆို ငါရည်မွန့်ဘေးက ထွက်သွားပေးမယ်"

"ဟ ငါဘယ်တော့မှ သတိုးကို တခြားတစ်ယောက်အတွက် ဖြတ်မှာ မဟုတ်ဘူး"

"မင်းအဖြေကရှင်းနေတာပဲလေ ကျော်ကျော်ရ"

"အဖြေကအခုမှရှင်းတာမဟုတ်ဘူး ငါ့ရင်ဘတ်ထဲမှာ အမြဲရှိခဲ့တဲ့အဖြေပဲ ဒါကိုမင်းလည်းသိခဲ့တယ်... ရည်မွန်လည်းသိခဲ့တာပဲ အခုမှဘာလို့ငါ့ကို လူဆိုးဖြစ်အောင်လုပ်နေကြတာလဲ"

အဲ့ဒီအချိန်မှာ ရည်မွန်ဟာ လုံးဝလူသေတစ်ယောက်လုံး မလှုပ်မရှက်ဖြစ်သွားတာပဲ...။

"ငါမှားတာပါ ငါနဲ့မတွေ့ခင်ကတည်းက ကျော်ကျော်ဟာ သတိုးကိုတွေ့နှင့်တယ် ချစ်နှင့်တယ်၊ ငါဟာလည်း သိသိနဲ့ ဒီဆက်ဆံရေးကိုတိုးဝင်ခဲ့တယ် မင်းက လူဆိုးမဟုတ်ပါဘူးကျော် ငါကသာ လူတကာအလယ်မှာလူဆိုးဖြစ်ခဲ့ရတာ"

အဲ့ဒီနေ့နောက်ပိုင်း ရည်မွန်ရော ကိုယ်ရောဟာ ကျော်ကျော့်ဘဝအတွက် ဘေးလူလိုဖြစ်သွားခဲ့တယ်။ ကျော်ကျော်တစ်ယောက်က ရည်မွန်ကြောင့် ကိုယ်တို့ရဲ့ (၁၀) နှစ်ကျော်သူငယ်ချင်းဆက်ဆံရေးကိုဖြတ်ချပစ်နိုင်တယ်ဆိုတာ ကိုယ်ဘယ်လိုမှ ယုံကြည်မရဘူးဖြစ်ခဲ့တယ်...။

တစ်ရက်မှာ ကိုယ် ကျော်ကျော့်အိမ်ဖုန်းကို ဆက်ပြီး ချော့ဖို့စဉ်းစားမိခဲ့ပေမယ့်

"မင်း ရည်မွန်နဲ့ငါ တွဲလို့ စိတ်ဆိုးတာလား...မင်းစိတ်ဆိုးရင် မင်းနဲ့ငါမခေါ်ရင် ရည်မွန်စိတ်ကောက်တဲ့အခါတိုင်း ရည်မွန့်ကိုဘယ်လိုချော့ရမှာလဲ... မင်းကရည်မွန်နဲ့အကြာကြီးနေဖူးတော့ ရည်မွန့်အကြောင်းမင်းပိုသိတာမဟုတ်လား"

အဲ့အချိန်မှာ ကျော်ကျော်ဟာ ပိုလို့တောင် ဒေါသထွက်ပြီး

"ပိုင်စိုး .. ငါမင်းကို ထုံတယ် အတယ် ရိုးတယ်ဆိုပြီး လက်ခံထားပေမယ့် ဒီလိုမေးတယ်ဆိုတာ မင်းမှာလေ လူမှုဆက်ဆံရေးကျင့်ဝတ်တကယ်မရှိဘူးလား"

"ငါဘာမှားလို့လဲ ဖိုးကျော်"

"မင်းက မင်းတွဲနေတဲ့လူအကြောင်း သူ့ရည်းစားဟောင်းကိုသွားမေးနေသလိုဖြစ်နေတာ မင်းသိလား... တော်ပြီ ငါဖုန်းချပြီ..."

တတီိ... တီိ ဆိုပြီး ဖုန်းချသံနောက်မှာ
ကိုယ်တို့တွေ ဆက်ပြီး မပြောဖြစ်တော့ဘူး။

သူတို့ကမ္ဘာမှာ ဒေလီယာတွေWhere stories live. Discover now