၃/ ရည်မွန် ဘယ်သူလဲ၊ ဘယ်မှာနေတာလဲ

39 4 2
                                    

ခန့်ဆီက ပုံလေးကို ထိလိုက်မိတာနဲ့ ရုတ်တရက်ဘေးကအရာတွေ ပြောင်းလဲသွားတယ်။ အလင်းတန်းတစ်ခုခုဟာ ရုတ်တရက်ပေါက်ထွက်လာသလို တေဇဟာ အဲ့ဒီအလင်းတန်းကို မခံနိုင်သလို ခံစားမိတာပဲ။ တစ်ခုခုက ကိုယ့်ဆီကနေ ဆွဲစုပ်ယူလိုက်သလို။

"ပိုင်စိုး မင်းကွာ သတိုးကိုသိပ်မစပါနဲ့..."
"လာလာ ဓာတ်ပုံရိုက်ကြမယ်ကွာ မင်းကလည်း..."
"မောင်မောင် မင်းသူတို့ကိုဓာတ်ပုံတစ်ပုံရိုက်ဖို့ပြောကြည့်ပါလား"

မြတ်တေဇရှေ့က အလင်းတန်းဟာ တစစနဲ့ အရုပ်တွေထင်လာတော့တာပဲ။ တေဇရှေ့မှာ ခန့်ရှိတာမဟုတ်ဘဲ တေဇဟာ ပုံထဲကနေရာကို ရောက်နေခဲ့ပြီး တေဇရှေ့မှာ အဲ့ဒီသူငယ်ချင်းငါးယောက်ဟာ တန်းစီရှိနေခဲ့တယ်။

သူတို့သူငယ်ချင်းတွေရဲ့ ငယ်ရွယ်မှုတွေကို အတိုင်းသားမြင်ရတာဟာ အိပ်မက်လိုပဲ။ ဒါကလည်းတကယ်အိပ်မက်များလား။ ရည်မွန်ဟာ သတိုးနဲ့တူတူ ကပ်နေပြီးတော့ ပိုင်စိုးနဲ့ကျော်ကျော်ခန့်က အုတ်ခုံပေါ်ထိုင်နေတယ်။ ဘုရားကတော့ ဓမ္မရံကြီးလိုလိုပါပဲ။

ဘုရားပေါ်မှာ လူတွေဟာ လှုပ်ရှားသွားလာနေတယ်။ ဒီဘက်ခေတ်ပုံစံမဟုတ်ဘဲ ၁၉၉၀ ခုနှစ်လောက်ကလူတွေရဲ့ ဖက်ရှင်ဟာ တစ်မျိုးလေးပါပဲ။ စတိုင်လ်ဘောင်းဘီကို ကျကျနနဝတ်ထားတဲ့ ရည်မွန်ကလွဲပြီး ကျန်တဲ့လူတွေဟာ ပုဆိုးလေးတွေ ဝတ်ထားကြတယ်။

ထိုစဉ် ကိုယ့်ရှေ့တည့်တည့်ကိုလျှောက်လာနေသူဟာ  ခန့်ဦးလေး လေးမောင်။

"ဟိုဟာလေ ကျွန်တော်တို့ကို ပုံလေးရိုက်ပေးလို့ရမလားဗျ ဒီလေးထောင့်အကွက်လေးထဲ ကျွန်တော်တို့အရုပ်တွေပေါ်လာရင် ဒီဘက်ကခလုပ်လေးကို နှိပ်လိုက်ရုံပဲဗျ"

လေးမောင်ပေးလိုက်တာဟာ ဖလင်ကင်မရာဖြစ်ပုံရတယ်။

မြတ်တေဇ ကင်မရာချိန်တော့သူတို့သူငယ်ချင်းတွေဟာ စုစုစည်းစည်းဖြစ်သွားတယ်။ ဘောင်းဘီနဲ့ ရည်မွန်၊ လေးမောင်နဲ့ သတိုးက အုတ်ခုံပေါ်ထိုင်ပြီးတော့ လေးပိုင်စိုးနဲ့ ကျော်ကျော်ခန့်က တစ်ဖက်စီကနေ မတ်တပ်ရပ်ကြတယ်။

"ရိုက်တော့မယ် သရီး .. တူး.. ဝမ်း"

!!!! ချလှပ် !!!!

သူတို့ကမ္ဘာမှာ ဒေလီယာတွေWhere stories live. Discover now