"ရည်မွန်ဆိုတာဘယ်သူလဲ သား"
"ထားပါ လေးလေး... ကောင်းကောင်းသွားနော်"
လေးပိုင်စိုးထွက်သွားတာနဲ့ တေဇမှာ မေးခွန်းတွေအများကြီး ကျန်ခဲ့တာပဲ။ အဲ့ဒီမှတ်ဉာဏ်ပုံရိပ်တွေက ဘယ်လိုမျိုး ဘယ်အချိန်မှာပေါ်ပေါက်လာတာပါလိမ့်။
ဒီအဖြေကိုသိဖို့ တစ်ခုတည်းသော အဖြေဟာ ကိုယ်တို့မျိုးရိုးစဉ်ဆက်မှာရှိတဲ့ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကို ရှာရတယ်။ အဲ့ထဲမှာ ကိုယ်သတိရမိလိုက်တာကတော့ "ကြီးကြီးအေးမင်း"ပဲ။ မေမေ့အစ်မဝမ်းကွဲထဲမှာ အကြီးဆုံး အစ်မတော်ပေါ့။ကြီးကြီးအေးမင်းဆီ မရောက်တာကြာတာနဲ့ပဲ မြို့ထဲက ကြီးကြီးအိမ်ကိုတစ်ယောက်ထဲရောက်သွားခဲ့တယ်။
"ကဲ အမောင်မြတ်တေဇ ကြီးကြီးဆီ ဘယ်လိုမျက်စိလည်လာသတုန်း"
"ကြီးကြီးဟိုလေ သားမှာ အစွမ်းတွေမရှိဘူးလို့ ပြောဖူးတယ်မလား"
ကြီးကြီးက ကိုယ့်အတွက် ကော်ဖီတစ်ခွက်ဖျော်ပေးလာတယ်။
"သိတယ်လေ သား"
"ခုသားအစွမ်းတွေရသွားပြီ"
ကြီးကြီးက ဟောဒီအစွမ်းသတ္တိရှိတဲ့ အမျိုးအနွယ်ထဲမှာ အစွမ်းအကြီးဆုံးလူသားတစ်ယောက်ပဲ။ ကြီးကြီးက ဒါကြောင့်လည်း သိပ်ကို ဩဇာကြီးမားလှတယ်။ ကြီးကြီးစွမ်းအင်ကတော့ လိုချင်တာမှန်သမျှကို စိတ်ထဲက ဂါထာတစ်ခုကိုရွတ်ရုံနဲ့တင် ဖန်တီးပေးနိုင်တယ်။
"ဟေ... ပြောပါဦး"
"သားအတိတ်ကိုပြန်မြင်ရတယ်ကြီးကြီး"
"အိုး ... ဝမ်းသာတယ် သား.... သားဘာတွေတွေ့ခဲ့ရလဲ"
ပြောရမလား မပြောရမလားစဉ်းစားရင်းကနေ...
"လေးပိုင်စိုးရဲ့ အတိတ်တွေ"
"ဟေ" ကြီးကြီးဟာသိပ်ကိုတုန်လှုပ်သွားပုံရတယ်။ တေဇလည်း သိပ်ကိုသိချင်သွားလို့ အဖွားကို မေးဖို့ပြင်နေတုန်းမှာ ကြီးကြီးဟာဖြေပေးခဲ့တယ်။
"ဒါကြောင့်ကြီးကြီးပြောခဲ့တယ် ကိုယ်စခဲ့တဲ့အရာက ကိုယ့်ဆီကိုတစ်နည်းနည်းနဲ့ပြန်လာမယ်ဆိုတာလေ... မင်းအမေ မေသန်းဟာ သူ့မောင်ကိုချစ်ခဲ့လို့လုပ်ခဲ့တာတွေ ခု တဖန်ပြန်လာတော့မှာပဲ"
"မေမေက လေးပိုင်စိုးရယ် ဦးရည်မွန်ကြားထဲမှာ ပါခဲ့တာလား ကြီးကြီး"
"မေသန်းဟာ အရာရာနားလည်တတ်တယ်၊ မေတ္တာထားတတ်တယ်။ သူ့ရဲ့ပညာကနေ လူတွေကိုကူညီခဲ့တယ်သား ဒါပေမယ့်သူ့မောင်အပေါ် ရက်စက်ခဲ့တယ်လို့တော့ ပြောရမယ်ထင်တယ်..."
"ဟုတ်ကြီးကြီး"
"မေသန်းမှာ လူတွေရဲ့စိတ်ဒဏ်ရာတွေအနာတရတွေကိုကုစားနိုင်တဲ့စွမ်းအင်ရှိတယ်လို့ မင်းလည်းသိတယ်၊ ငါတို့တွေလည်းသိပေမယ့် သူ့မှာမှတ်ဉာဏ်တွေဖျောက်ဖျက်ပစ်လို့ရတဲ့ အစွမ်းတစ်မျိုးရှိတာတော့ ကြီးကြီးပဲ သိတယ် သား...
အဲ့အစွမ်းကိုလည်း သူမင်းဦးလေးတစ်ယောက်ထဲအတွက် တစ်သက်စာသုံးခဲ့တယ်""ဒါဆိုရင် မေမေဟာ လေးပိုင်စိုးရဲ့ မှတ်ဉာဏ်တွေထဲက ရည်မွန်တို့ကိုထုတ်ပစ်ခဲ့တယ်လို့ပြောတာလား ကြီးကြီး။ လေးလေးဟာ ကားမှောက်လို့မှတ်ဉာဏ်ပျောက်သွားတာမဟုတ်ဘဲ မေမေလုပ်ခဲ့တာလားကြီးကြီး"
"ခင်မေသန်းဟာ သူ့မောင်ကိုသိပ်ချစ်လို့လုပ်ခဲ့တာပဲ သား။ မင်းအမေကို အပြစ်တင်လို့မရဘူး အဲ့အချိန်တွေတုန်းက သားဦးလေးအတွက်အခက်ခဲဆုံးအချိန်တွေမို့ မင်းအမေမှာ တော်တော်လေးစဉ်းစားခဲ့ပြီးမှ ဆုံးဖြတ်ခဲ့တာ..."
ကြီးကြီးက အခန်းထဲက ဘီရိုတစ်ခုကို သူ့လက်တစ်ချက်နဲ့
"ပိုင်စိုးနဲ့ပတ်သက်တာတွေ ပေါ်လာလို့ရပြီ... " ဆိုပြီး ရေရွတ်သလိုစကားစုတစ်ခုကိုရေရွတ်ပြီးနောက် အဲ့သေတ္တာထဲမှာ စာတွေထည့်ထားတဲ့ ဖာလေးတစ်ဖာထွက်လာတယ်။
"ဒါမင်းဦးလေးရဲ့ ဒိုင်ယာရီပဲသား... သားမြင်နေရတဲ့ အရာတွေအတွက်အဖြေပဲ။ ပိုင်စိုးရယ် ရည်မွန်ရယ် ပြီးတော့ သူတို့သူငယ်ချင်းတွေသံယောဇဉ်အတွက် သားဟာ ဆက်ထုံးတစ်ခုပဲ။ ဒါကိုလည်း အထက်ကသတ်မှတ်ပေးထားခဲ့တဲ့တာဝန် ... သား လုပ်နိုင်မယ်လို့ ကြီးကြီးယုံတယ်"
ဒိုင်ယာရီစာရွက်တွေကို ထိမိတော့ စာရေးနေတဲ့လက်တစ်စုံ၊ စာရွက်ပေါ်ကို တစ်စစကျလာတဲ့မျက်ရည်တွေနဲ့အတူ လေးပိုင်စိုးရဲ့ ဒဏ်ရာနက်နက်တွေကို မြင်ရတယ်။ အဲ့ဒီမှာသူရေးထားတဲ့စာကြောင်းတစ်ကြောင်းက
ကိုယ့်ဘဝမှာ အချစ်ဆုံးလူရယ် အချစ်ဆုံးသူငယ်ချင်းတွေရယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရတယ်...
ဘယ်လိုမှပြင်လို့မရတဲ့တစ်သက်စာအမှားတွေကို
ကိုယ်လုပ်မိခဲ့ပြီ...လေးပိုင်စိုးဟာ ဒီစာလေးကိုရေးပြီးမျက်ရည်စတွေနဲ့ ကြိုးကွင်းတစ်ကွင်းချည်ထားတဲ့ နေရာတစ်နေရာကိုခြေလှမ်းပြင်နေခဲ့တယ်။
![](https://img.wattpad.com/cover/328195409-288-k308140.jpg)
YOU ARE READING
သူတို့ကမ္ဘာမှာ ဒေလီယာတွေ
Fantasyဒေလီယာပန်းပွင့်တွေရဲ့ အဓိပ္ပာယ်က သစ္စာရှိမှု၊ သနားကြင်နာမှုနဲ့ ကတိတရားလို့ အမည်ရတယ်။ ဒါပေမယ့် အနက်ရောင်ရှိတဲ့ဒေလီယာတွေကတော့ သစ္စာဖောက်ဖျက်မှုဖြစ်တယ်။ အဲ့ဒီလူလေးယောက်က အနက်ရောင်ဒေလီယာတွေ...။