၅/ ပိုင်စိုး ဒိုင်ယာရီ (၁)

34 4 1
                                    

၉ရက် မေလ ၂၀၀၂။

ဒီစာဟာ ဘယ်လိုမှ မမှတ်မိလာနိုင်တော့မယ့်မှတ်ဉာဏ်တွေအတွက် တစ်စွန်းတစ်စအကူအညီဖြစ်ဖို့ ရေးထားတဲ့စာတွေပါပဲ။ ဘယ်လိုမှ ရှေ့ဆက်လို့မရတော့တဲ့အခါ ဘဝမှာ လူတွေကိုအခါခါဆုံးရှုံးခဲ့ရတယ်။ ကိုယ့်နာမည်ပိုင်စိုးပါ။ ဒီစာကိုရေးနေတဲ့လူပေါ့။ ဒီစာကို ပိုင်စိုးဆိုတဲ့ အနာဂတ်ကလူက ဖတ်နေရင် "မင်းအသက်ရှင်နေသေးတာ ဝမ်းသာတယ်"လို့ငါကြိုနှုတ်ဆက်တယ်။ ငါအခုဒီစာရေးနေတဲ့အချိန်မှာ ငါ့အသက် ၂၁ ပေမယ့် မင်းအခုချိန်ဒီစာဖတ်ရင် ၃၁ နှစ်လည်းဖြစ်နိုင်တယ်။ အဲ့ထက်လည်းကြီးရင်ကြီးမှာပေါ့။

ခုချိန်မှာ ရှင်မှု၊ သေမှုရဲ့အလယ်မှာငါတည့်တည့်ရပ်နေရတယ်။ ဘဝမှာ ဆုံးရှုံးစရာရယ်လည်း မရှိတော့ဘူး။ ဆုံးရှုံးစရာမရှိတော့အခါလူတွေဟာ ဘာကိုရွေးချယ်ကြလဲဆိုတာ ငါခုမှ စဉ်းစားတတ်လာတယ်။ ငါလူတိုင်းကိုဆုံးရှုံးနေရတယ်။ ပထမဆုံးက ငါ့ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံးချစ်ခဲ့ရတဲ့ ရည်မွန်၊ ပြီးတော့ ငါရည်မွန့်ကိုချစ်မိလို့ ပျက်စီးသွားခဲ့ရတဲ့ ငါနဲ့ ကျော်ကျော်ခန့်ရဲ့ ဆက်ဆံရေး။ ကျော်ကျော်ခန့်နဲ့ သတိုးကြားက ငါ့ကိုမုန်းသွားတဲ့ အမုန်းတွေ။ ငါဘယ်လိုဆက်ပြီး သည်းခံရပါတော့မလဲ။

ငါ ရည်မွန့်ကိုချစ်ခဲ့မိတာဟာ လောကနတ်ဘုရားတွေရဲ့ ကောင်းချီးလားမသိပေမယ့် ငါ့ဘဝမှာ ရည်မွန်ကိုချစ်မိခဲ့တာ မမှားဘူးလို့ခုထိယုံတယ်။ ဒါပေမယ့် အဲ့လိုယုံမိတာကလည်း ငါ့အမှားဖြစ်ပြီး ငါမှားတဲ့အချိန်မှာ တစ်လောကလုံးဟာ မှန်ခဲ့တယ်။

ရည်မွန်ဟာ ငါ့ဘဝထဲကိုတကယ်အမှားတွေနဲ့ ဝင်လာခဲ့တာပဲ။ အမှားတွေကိုချစ်မိသွားအောင် လုပ်ခဲ့တဲ့ တကယ့်ကောင်။ ရည်မွန်ဟာ ချောပေ့ဆိုတာမျိုးမဟုတ်ပေမယ့် သူဟာနာမည်ကြီးတယ်။ ကြိုက်တဲ့လူတွေ ပေါတယ်။ ရည်မွန်လို့ပြောရင်ကို လူတွေဟာ လန့်လည်းလန့်ကြတယ်။ လန့်တယ်ဆိုတာ ရည်မွန့်ရဲ့ မာယာတွေကို မရှောင်နိုင်ကြလို့ပါ။ ယောက်ျားလေးတစ်ယောက်ဟာ အဲ့လောက်မာယာများတတ်လိမ့်မယ်လို့ မထင်ခဲ့တာ ရည်မွန့်ကိုမတွေ့ခင်အထိပဲလို့ပဲ ဆိုကြပါတော့လေ...။

သူတို့ကမ္ဘာမှာ ဒေလီယာတွေWhere stories live. Discover now