၁ / ကျွန်တော့်နာမည် မြတ်တေဇ

62 4 2
                                    

ကျွန်တော့်နာမည် မြတ်တေဇ။
အသက် ၂၁ ပြည့်တော့မယ့် မန္တလေးတက္ကသိုလ် ဒုတိယနှစ် ဘူမိကျောင်းသား။ သူငယ်ချင်းတွေကတော့ တေဇလို့ပဲ ခေါ်ကြတယ်။ ကိုယ့်မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ နေရောင်ခန့်၊ မှိုင်းနွေရိပ်၊ အေးမြ၊ ဝင်းသိင်္ဂီဦး၊ သုတဉာဏ်ဇော် နဲ့ ဇင်ငြိမ်းအေး ဒါ ကိုယ်တို့ သူငယ်ချင်းအုပ်စုပေါ့။ နောက်ပြီး ကိုယ့်မှာ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ရှိသေးတယ်။ သူက နှင်းစုစုအောင်။ ကိုယ်ကတော့ သူ့ကိုနှင်းလို့ပဲ ချစ်စနိုးခေါ်ဖြစ်တယ်။

ကိုယ့်ကို သူငယ်ချင်းတွေက အတ္တကြီးတယ်လို့ ပြောကြတယ်။ နှင်းအပေါ်မှာ တစ်ခါတလေ တော်တော်လေး အနိုင်ယူတယ်။ မချစ်လို့တော့ မဟုတ်ပေမယ့် နှင်းနဲ့ပတ်သက်ရင် သေးသေးလေးကအစ ကိုယ်သဝန်တိုတယ်။ ဒါကလည်း ကိုယ်နှင်းကိုပိုင်ဆိုင်ချင်လို့ပါ။ ကိုယ်ကလည်း တစ်ဦးတည်းသော သား။ ပြီးတော့ မေမေရော ဖေဖေရောဟာ ကိုယ့်ကို လိုလေးသေးမရှိ ဖြည့်ဆည်းပေးခဲ့တာလည်း ပါမယ်ထင်ရဲ့။

ဖေဖေက ခွဲစိတ်ဆရာဝန်ကြီးဖြစ်ပြီးတော့ မေမေက စိတ်ကျန်းမာရေးအထူးကုပါရဂူဆရာဝန်မကြီး။ သားကတော့ ဘူမိကျောင်းသားဆိုပြီး မေမေ့အသိုင်းအဝိုင်းက နည်းနည်း လှောင်ချင်ကြတယ်။ မေမေကတော့ အမြဲတမ်းနားလည်ကြင်နာပေးတတ်တဲ့လူတစ်ယောက်ပါပဲ။ သူ့ရဲ့ စကားတွေဟာ အလွန်ကရုဏာရှုဖွယ်ရှိတယ်။ ဒါကလည်း မေမေ့ရဲ့ စိတ်စွမ်းအင်တွေကြောင့် ဖြစ်လိမ့်မယ်။

မေမေတို့ မျိုးရိုးဟာ တစ်ယောက်စီမှာ အစွမ်းအစတစ်ခု ပါလာကြတယ်။ ဥပမာ ဖိုးဖိုးဟာ တစ္ဆေသရဲ၊ မကျွတ်လွတ်တဲ့ အရာတွေမြင်ရပြီး သူတို့နောက်ဘဝကူးကောင်းဖို့အတွက် သူတို့ဆန္ဒတွေကိုကူညီပေးခဲ့တဲ့သူဖြစ်တယ်။ ဖိုးဖိုးမောင်နှမတွေကတော့ တစ်ယောက်က ကိုယ်ပျောက်နိုင်ခဲ့ဖူးတဲ့လူရှိပြီး ကြောင်အမြုတေရတဲ့လူတွေလိုအစွမ်းရှိတဲ့လူတွေ ရှိခဲ့တယ်။

ကိုယ့်လေးလေး ဦးပိုင်စိုးကတော့ လူတွေရဲ့ စိတ်တွေကို ဖတ်နိုင်ခဲ့ပြီးတော့ မေမေကတော့ သူ့ရဲ့စိတ်စွမ်းအင်နဲ့ လူတွေရဲ့ စိတ်ဒဏ်ရာတွေကို အများကြီး ကုစားပေးခဲ့တယ်။ ကိုယ်လား???

သူတို့ကမ္ဘာမှာ ဒေလီယာတွေWhere stories live. Discover now