၈/ ပိုင်စိုးဒိုင်ယာရီ (၄)

29 4 2
                                    

ကိုယ်တို့ရဲ့ အမှောင်မိုက်ဆုံးညမှာ ရောက်ရှိလာတဲ့ နတ်ဘုရားတစ်ပါးကို ကိုယ်တို့က ဘာတွေဆက်သခဲ့လဲ။ အဲ့ဒီနတ်ဘုရားဟာ သူ့ရဲ့ လက်ဖဝါးတော်နုနုနဲ့ ပွတ်သပ်ကြင်နာပြရုံနဲ့ ကိုယ်တို့ရဲ့ စိတ်ဒဏ်ရာတွေကိုအနည်းငယ် သက်သာစေတယ်လို့ထင်တယ်။ ဒါဟာလည်း ကိုယ်တို့က အနည်းငယ်ကြင်နာပြရုံနဲ့တင် ကောက်ကောက်ပါအောင် စွဲလမ်းသွားတတ်တဲ့ ဟောဒီရာစုရဲ့ မေတ္တာငတ်တဲ့ မေတ္တာသူဖုန်းစားတွေဖြစ်လို့ပဲလေ။ဒါကြောင့် အဲ့ဒီနတ်ဘုရားရဲ့ အကြင်နာချိုချိုအောက်မှာ သံယောဇဉ်အကြည်ဓာတ်တွေဟာ မြူးထူးလို့။ တစ်ခါကျွေးဖူးတဲ့ လက်ကို ပြန်မကိုက်မယ့် ခွေးကလေးတစ်ကောင်လိုပေါ့လေ...။

အဲ့ဒီိ နတ်ဘုရားကို ကိုယ်ဟာ ရည်မွန်လို့ ကင်ပွန်းတပ်ခဲ့တယ်။ ရည်မွန့်ကို ကိုယ်ဟာ ဒေလီယာပန်းတစ်ပွင့် ဆက်သခဲ့တယ်။ ဒေလီယာတွေဟာ သစ္စာ တဲ့...။
----------------------------

ဒိုင်ယာရီ (၄) မွေးနေ့ပွဲနေ့

ဒီလိုနဲ့ ကိုယ့်ဘဝမှာ ပြန်ပြုပြင်ခွင့်ရရင်တောင် ကျော်ပစ်ချင်တဲ့ နေ့စွဲတစ်ရက်ကို ရောက်လာခဲ့တယ်။

နိုဝင်ဘာရဲ့ ညနေခင်းတစ်ခုပေါ့...။ အဲ့ဒီညနေအတွက် သတိုးနဲ့ ကျော်ခန့်တို့ဟာ အဆင်သင့်ရှိနေခဲ့တယ်။

အရာရာဟာ မုန်တိုင်းကြီးမလာခင် ငြိမ်သက်နေတဲ့ ပင်လယ်ပြင်လို ပတ်ဝန်းကျင်တစ်ခုလုံး အက်ကျသံတောင် မကြားရတော့တဲ့အထိ တိတ်ဆိတ်နေတယ်။ အထူးသဖြင့် ရည်မွန်ပေါ့...။

ခဏကြာတော့ ဖုန်းဝင်လာတယ်။ ကျော်ကျော်ခန့်ဆီက ရည်မွန်အလိုချင်ဆုံး ဖုန်းကောလ်ပေါ့။

"မွေးနေ့ပွဲ အတူတူလာခဲ့နော် ရည်မွန်" လို့ပြောကြောင်း ရည်မွန်က စိတ်ညစ်ညူးစွာ ကိုယ့်ကိုပြန်ပြောခဲ့တယ်။

"မင်းကဘာဖြစ်နေတာ ခုနကပဲ ကျော်ကျော်က မဖိတ်တော့ဘူးလားဆိုပြီး ကျော်ကျော့်ဖုန်းကိုစောင့်နေခဲ့တာမဟုတ်လား"

ကိုယ်မေးတော့ ရည်မွန်က သူ့မျက်ရည်တွေကို မျက်တောင်ကတစ်ဆင့် ပုတ်ထုတ်ပစ်လိုက်တယ်။

ဒီ့မတိုင်ခင် တစ်နာရီကျော်က ကျော့်ကိုကိုယ်တွေ့ခဲ့ပါတယ်။ ကျော်ဟာလည်း သူ့ကိုယ်သူ ဒွိဟတွေဖြစ်နေခဲ့ပြီး ရည်မွန့်ကို ဖိတ်သင့်၊ မဖိတ်သင့် ကိုယ့်ကို တိုင်ပင်ခဲ့တယ်။ ရည်မွန်ကတော့ ဖိတ်ရင်တော့ လာမယ့်အကြောင်းပြောတော့ ကျော်ခန့်က

သူတို့ကမ္ဘာမှာ ဒေလီယာတွေDove le storie prendono vita. Scoprilo ora