၂/ သူတို့ရဲ့ ဓာတ်ပုံ

31 3 4
                                    

လေးလေးတို့အကြောင်းဟာ သိပ်စိတ်ဝင်စားစရာကောင်းတယ်။ ဒါကြောင့်ပဲ မင်္ဂလာပွဲကအပြန် လေးလေးကို မေးကြည့်တာပေါ့...

"လေးလေးမှာ လေးမောင်နဲ့ အေးတို့အပြင်တခြားသူငယ်ချင်းတွေဘာတွေ ရှိလား"

လေးပိုင်စိုးက ဧည့်ခန်းထဲမှာ သူ့ iPad Pro (12.9 inches)ကြီးကို ကိုင်ပြီး Benedict Cumberbatch ရဲ့ "Sherlock" စီးရီိးကို ကြည့်နေတယ်။ သူအမြဲတမ်း ပျင်းရင် ကြည့်နေကျကားပဲ။ တေဇဆို အလွတ်ရနေပြီ။ လေးလေးကလည်း ရှားလောခ့်အဖြစ်သရုပ်ဆောင်တဲ့အထဲ ဦးသခွားသီးကပဲ သရုပ်ဆောင်အကောင်းဆုံးလို့ပြောတတ်တယ်။

"ရှိတာပေါ့ အများကြီးပဲလေ.."

"ဒါဆို ဟိုမင်းသား မင်းသတိုးနဲ့ ဦးကျော်ကျော်ခန့်နဲ့ကရော လေးပိုင်စိုးသူငယ်ချင်းဖြစ်ဖူးလား"

"သူတို့နဲ့ကျောင်းတူခဲ့တယ်လို့ မောင်မောင်ပြောဖူးတာပဲကွ၊ အေးနဲ့လည်း ခင်ပေမယ့် ငါနဲ့တော့ မရင်းနှီးခဲ့ဘူး"

ထိုစဉ် မေမေဝင်လာတော့တယ်။

"ဒီတူဝရီးတွေဘာတွေပြောနေကြတာလဲ"

"မမသားလေ ဟိုမင်းသားတို့အတွဲနဲ့ခင်လား မေးနေတာ"

မေမေက ဆေးခန်းကအပြန်မို့မြန်မာဝတ်စုံလေးကိုဝတ်ထားပြီး ဆံပင်လေးကိုနောက်ပြန်စီးထားတယ်။ မေမေဟာ မြန်မာဝတ်စုံနဲ့ သိပ်ကိုလှတယ်။ ဘယ်လိုပြောရမလဲ။ မေမေ့မျက်နှာမြင်ရင် အေးချမ်းတယ်ပြောရမလား။ ဒါကြောင့် မေမေ့လူနာတွေဟာလည်း သူတို့ဝေဒနာတွေ မေမေ့ကိုမြင်ရင်ကို တစ်ဝက်သက်သာတယ်ပြောကြတာပေါ့။

"အေးသူငယ်ချင်း မင်းသတိုးတို့ကိုပြောတာမေမေ"

"အာ.."  မေမေ့မျက်နှာတစ်ချက်ပျက်သွားတာ မြတ်တေဇတစ်ယောက်သတိထားမိလိုက်တယ်။

"ဘာဖြစ်လို့လဲ မေမေ" လို့မေးတော့ မေမေက မျက်ခုံးနှစ်ဖက်ကို တွေဝေခြင်းကြီးကြီးနဲ့ ပင့်ပြီးမှ

"ဘာမှမဖြစ်ပါဘူးသားရဲ့... သားက မင်းသတိုးကို အဲ့နေ့မှ တွေ့ဖူးလိုက်တယ်ဟုတ်"

"သူက တော်တော်ချောလို့ပါမေမေရဲ့ ပြီးတော့ အေးတို့လေးမောင်တို့နဲ့တောင်တော်တော်ခင်တာဘာလို့ အေးတို့သူငယ်ချင်း သားတို့ရဲ့လေးလေးပိုင်စိုးနဲ့ကျ ဘာလို့ သူငယ်ချင်းမဟုတ်တာလဲဆိုတာ သားသိချင်လို့ပါ မေမေရ"

သူတို့ကမ္ဘာမှာ ဒေလီယာတွေDär berättelser lever. Upptäck nu