၆/ ပိုင်စိုး ဒိုင်ယာရီ (၂)

22 4 1
                                    

ဘဝဟာ တအိအိခုတ်မောင်းနေတဲ့ ရထားတစ်စင်းဆိုရင် အဲ့ဒီရထားကြီးမှာ တစ်သက်လုံးနောင်တတွေနဲ့  ခရီးသည်အဖြစ် ကိုယ်ဟာ အဲ့ဒီ ခရီးကို လိုက်ပါခဲ့ရတယ်။

ရည်မွန့်ကို စပြီးချစ်မိကတည်းက
နာကျင်ရခြင်းတွေနဲ့ အမုန်းတရားတွေအားလုံးကို လက်ဝယ်ပိုင်ဆိုင်ထားခဲ့ရတာ အမှန်ပဲပေါ့။ တစ်လောကလုံးရဲ့ မျက်စောင်းတွေအပြင် အချစ်ဆုံးသူငယ်ချင်းတွေကိုပါ လက်လွှတ်ဆုံးရှုံးခဲ့တယ်။

လောကရဲ့ အရှုံးသမားအဖြစ် ဝိုင်းလှောင်ကြတာကိုလည်း ဟောဒီကောင်ကြီးက ခံပြီး ချစ်ဝဋ်ကြွေးတွေကို ပိုင်ဆိုင်ရတာ ပျော်ခဲ့ပါရဲ့လေ။

ရည်မွန်ကြေကွဲနာကျင်တာကို မမြင်ချင်တဲ့ကောင်မို့ ရည်မွန်ကို ထိပါးလာသူတိုင်းအတွက် ရှေ့က မားမားမတ်မတ် ရပ်တည်ပေးချင်တယ်။ ရည်မွန် မှီခိုတဲ့လူတစ်ယောက် ဖြစ်ချင်တယ်။

ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးကဘာလဲသိလား။
ကိုယ်ချစ်ရတဲ့သူရဲ့ လိုအပ်တာကို ခံရနိုင်ပေမယ့် သူ့အချစ်ကိုတော့ မရနိုင်ဘူးဆိုတဲ့ အသုံးတော်ခံ အဖြစ်ပဲ။ တော်တော်ခံရဆိုးသလို စောက်ဖြစ်ကလည်း ရယ်ချင်စရာကြီးနော်။

ဒါပေါ့။ ရည်မွန်ဟာ ကိုယ့်ကို လိုအပ်ခဲ့တယ်။ ဒါပေမယ့် ကိုယ်ကျိန်ပြောရဲတာက ရည်မွန်ဟာ ကိုယ့်ကိုမချစ်ခဲ့ဘူး။ သူ့တစ်ဘဝလုံး အချစ်တွေကို ကျော်ကျော့်အပေါ်ပဲ မြှုပ်နှံထားခဲ့တာလေ သိလား။ ဘာလို့လဲဆိုရင် ရည်မွန်အမြဲပြောသလို

"ငါကျော်ကျော့်ကို မတွေ့ခင်က သွင်ဆိုတဲ့ လူတစ်ယောက်ရှိခဲ့တယ်။ သူ့ကိုငါအချစ်ဆုံးပဲ ပြီးတော့ ငါသူ့ကို တစ်သက်လုံးချစ်သွားလိမ့်မယ်လို့ထင်ခဲ့တာ ကျော်ကျော့်ကိုချစ်မိသွားမှပဲ သွင့်ကို အဲ့လောက်မချစ်ခဲ့ပါလား လို့ ငါသိခဲ့ရတယ်"

ရည်မွန်နဲ့ ကိုယ်တို့ဟာ အမြဲတမ်း အတူတူရှိခဲ့တယ်။ ကျော်ရယ် ကိုယ်ရယ် ရည်မွန်ရယ် သုံးယောက်ဘဝလေးဟာ ကျောင်းတက်နေတဲ့ အတောအတွင်း လိုက်ဖက်ညီတဲ့ သူငယ်ချင်းတွေဖြစ်တာပေါ့လေ။

ရည်မွန်ဟာ ဇီဇာကြောင်တယ်။ အသုံးအဖြုန်းကြီးတယ်။ အစားကောင်းတွေ ကြိုက်တယ်။ အဝတ်ကောင်းတွေ ဝတ်သလို သူဟာ ဖက်ရှင်ကျတာမို့ သူ့ဘေးမှာ ဝိုင်းဝိုင်းလည်နေတာတော့ ပြောမဆုံးဘူးပေါ့။

သူတို့ကမ္ဘာမှာ ဒေလီယာတွေWhere stories live. Discover now