၁၁/ ပိုင်စိုး ဒိုင်ယာရီ (၇)

12 0 0
                                    

မေမေတို့ရှေ့မှာတော့ကျော်ကျော်ဟာ ဟန်ဆောင်ကောင်းသူတစ်ယောက်အဖြစ် သူငယ်ချင်းလို သရုပ်ဆောင်ပေးတာအတွက်တော့ သူ့ကိုကျေးဇူးတင်ရမလိုပဲ။

ကျော်ကျော့်ကို အခန်းထဲခေါ်သွားပြီးနောက်မှ ကျော်ကျော်ကစိတ်ဆိုးတဲ့အသံနဲ့

"မင်းလေ သတိုးကိုဘာတွေပြောလိုက်တာလဲ ပြီးတော့ ရည်မွန့်အပေါ်နည်းနည်းလေးဖြစ်ဖြစ်အားနာစိတ်မရှိဘူးနော် ပိုင်စိုး"

"ငါဘာပြောမိလဲပြော... ပြီးတော့ ငါ့ချစ်သူဖြစ်တဲ့ရည်မွန့်အပေါ်မှာ ငါဘယ်နားလေးအားနာစိတ်မရှိတာဖြစ်သွားလို့လဲ"

"ငါကတော့ ရည်မွန့်ကိုမချစ်တာသေချာပေမယ့် ရည်မွန့်ဘက်ကတော့ ငါ့ကို ချစ်နေသေးတယ်ဆိုတာကြီးက မင်းအခုတွဲနေတဲ့ ရည်မွန့်အပေါ် မျက်နှာပြောင်တိုက်တဲ့စကားမဟုတ်ဘူးလား ပြီးတော့ အဲ့ဒီစကားကိုမင်းသွားပြောတဲ့သူက ငါ့ရည်းစားသတိုးလေ... မင်းမှာ စောက်ဦးနှောက်ရှိလား ပိုင်စိုး"

ကျော်ကျော့်အသံဟာ ခပ်ဆာဆာထွက်လာတာကြောင့် မေမေတို့မကြားအောင် သူ့ပါးစပ်ကိုပိတ်လိုက်ရတယ်။

"ငါမှားသွားလား ကျော်ခန့် ..."

"တော်ပြီငါပြန်တော့မယ်... နောက်ထပ်ငါ့ဆီရော သတိုးဆီရော ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်မဆက်သွယ်နဲ့ "

ကျော်ကျော်ခန့်ပြန်သွားပြီးနောက် ကိုယ်အရုပ်ကြိုးပျက်လဲကျသွားတယ်ဆိုတာ ဘယ်သူမှသိနိုင်မှာမဟုတ်ဘူး။ အဲ့နေ့ကစပြီး ကျော်တို့နဲ့ မတွေ့ဖြစ်တော့ဘူးလို့ ဆိုပါတော့...။

ရည်မွန်နဲ့ နှစ်ယောက်ပဲကျန်ခဲ့တဲ့ဘဝမှာတော့ အစစအရာရာ ရည်မွန့်အပေါ်မှီခိုမိတယ်လို့ အားလုံးက ပြောကြတာပဲ။ ဒီနောက်ပိုင်းမှာ ရည်မွန့်အကြောင်းကို ပိုသိခဲ့ရတယ်။ ဘယ်သူမှမမြင်နိုင်တဲ့ ရည်မွန့်ပုံစံအသစ်တစ်မျိုးကိုလည်း ကြောက်ခမန်းလိလိ မြင်ခဲ့ရတယ်လို့လည်း ပြောရင်မမှားနိုင်ဘူး။

ရည်မွန်ဟာ ကျော့်ကိုလိုအပ်ခဲ့ပေမယ့် ခုကျတော့ ကျော့်ကို မုန်းသထက်မုန်းနေသလိုပဲ။ တစ်ခါတလေကျ သူ့ဘဝထဲမှာ ကျော်ဆိုတဲ့လူတစ်ယောက်မရှိခဲ့သလို နေတယ်လို့လည်း ခံစားမိတယ်။ ဒါတွေဟာ ကျော်ကျော်တစ်ယောက်ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေနဲ့ဆိုင်မလား။

သူတို့ကမ္ဘာမှာ ဒေလီယာတွေDonde viven las historias. Descúbrelo ahora