Ex 2

9.1K 953 100
                                    

"ဘာလို့လည်း CEO Jeon တစ်ခုခုအဆင်မပြေတာရှိလို့လား.."

ဇာတ်ညွှန်းကိုဖတ်ကြည့်ဖို့ပြောတုန်းကစာရွက်ကိုကိုင်တောင်မကြည့်တဲ့သူမို့ Director ကမေးလိုက်ခြင်းပင်...

"ဘာမှမဟုတ်ဘူး..."

'ဘာမှမဟုတ်ဘူး'သာပြောတာ Jungkook ကမျက်ခုံးတွေတွန့်ချိုးလျှက် ဇာတ်ညွှန်းကိုဖတ်နေတာဖြစ်သည်...ခနကြာတော့ Jungkook သူ့အတွင်းရေးမှူးနှင့်အတူထွက်သွားသည်...
.
.

Kiss Sence အတွက်ပြင်ဆင်ဖို့သန့်စင်ခန်းထဲကိုလာခဲ့တဲ့ Taehyung...Jimin ကကားပေါ်ကမိတ်ကပ်ပစ္စည်းတချို့သွားယူနေသည်...

Jimin ကသူ့(th)အတွက် Manager လည်းဖြစ်သလို မိတ်ကပ်အဝတ်အစားတွေကအစသူ(jm)ပဲအကုန်တာဝန်ယူထားတာဖြစ်သည်...

သန့်စင်ခန်းထဲမှာ Taehyung သွားတိုက်ပလုတ်ကျင်းပြီးပါလာတဲ့ တစ်ရှူးနှင့်ပါးစပ်ကိုသုတ်လိုက်သည်...ထိကပ်ရုံပဲနမ်းရမှာဆိုပေမယ့်သူ့အတွက်ကတခြားသူကိုန​မ်းရမှာပထမဆုံးမို့ ကိုယ့်ဘက်ကအစစအရာရာပြင်ဆင်ထားတာကအကောင်းဆုံးပင်...Jimin ကတော့မလိုဘူးလို့ပြောပေမယ့်ပေါ့...

..ကလစ်..

Taehyung တံခါးဖွင့်သံကြောင့် Jimin လာတယ်ထင်လို့ကြည့်လိုက်ပေမယ့်ဝင်လာတဲ့သူက သူ့ရဲ့ချစ်လှစွာသောရည်းစားဟောင်းကြီးဖြစ်နေသည်...

ဝင်လာကတည်းကစိုက်ကြည့်နေတဲ့ Jungkook...
နှစ်ယောက်တည်းမနေရဲတာကြောင့် Taehyung မသိမသာထွက်သွားဖို့ပြင်နေတုန်း Jungkook ကရုတ်တရက်ဆောင့်ဆွဲကာသူ့(th)ကိုယ်ကိုနံရံမှာဖိကပ်ပြစ်လိုက်သည်...

"ခများဘာလုပ်တာလဲဗျ..."

အခုမှသွားတိုက်ပြီးကာစမို့ Taehyung ဆီကစတော်ဘယ်ရီသွားတိုက်ဆေးနံ့သင်းသင်းလေးကို Jungkook ရနေသည်...

"မင်းကိုယ့်ကိုဘာလို့မသိချင်ယောင်ဆောင်နေတာလဲ Taehyung..."

Taehyung သူ့လက်ကောက်ဝတ်နှစ်ဖက်လုံးကို Jungkook ကဆုတ်ကိုင်ထားတာကြောင့်ရုန်းကြည့်ပေမယ့်နာတာပဲအဖက်တင်သည်...

"ကျတော့်ကိုလွှတ်ပေးပါ..."

"မလုပ်ချင်ပါဘူး..."

Jungkook ကမလွှတ်တဲ့အပြင်မျက်နှာကိုရှေ့တောင်တိုးလာသေးသည်...Jungkook သာနည်းနည်းထပ်တိုးရင်သူတို့နှုတ်ခမ်းတွေထိမိလောက်ပြီ...

My Annoying Ex(Ongoing)Where stories live. Discover now