Ex 16

6.7K 683 80
                                    

Taehyung ကိုကျောပိုးလျှက် Jungkook ကမိန်းကလေးတွေနှင့်မတိမ်းမယိမ်း ပန်းဝင်နိုင်ခဲ့သည်...သို့ပေမယ့် Mina ကတော့ အားကစားလိုက်စားတဲ့သူဖြစ်တာကြောင့် Junho နဲ့ကောင်လေးတစ်ယောက်ကိုတောင်ကျော်ပြီး တတိယနေရာကိုရသွားခဲ့သည်..

Jihoon ကအပြေးပြိုင်ပွဲမှာအနိုင်ရသူဖြစ်ပြီး ရေငုတ်ပြိုင်ပွဲမှာလည်းဒုတိယရခဲ့သည်...ဓာတ်ပုံပြိုင်ပွဲရဲ့ရလဒ်မပါသေးဘဲ လောလောဆည်မှာတော့ပထမဆုံးရွေးချယ်နိုင်တဲ့သူ...

မကြာခင်မှာပဲ ဓာတ်ပုံပြိုင်ပွဲရဲ့ရလဒ်တွေထွက်လာခဲ့သည်...ဝန်ထမ်းအများစုကယောကျာ်းလေးတွေဖြစ်တာကြောင့် Mina ကVote အများဆုံးဖြင့်အနိုင်ရခဲ့သည်...ဒုတိယက Jungkook ဖြစ်ပြီး တတိယကသဘာဝဆန်တယ်လို့သတ်မှတ်ခံရတဲ့ Jihoon..

နောက်ဆုံးရလဒ်အရ ပြိုင်ပွဲသုံးခုလုံးမှာ Top 3 ဝင်ခဲ့တဲ့ Jihoon ကပထမဆုံးတွဲဖက် ရွေးခွင့်ရသူဖြစ်လာခဲ့သည်...Jungkook ကပြိုင်ပွဲနှစ်ခုမှာ Top 3 ဝင်ခဲ့ပေမယ့် အပြေးပြိုင်ပွဲမှာတော့နောက်ဆုံးနီးပါးရသွားခဲ့တာကြောင့် ဒုတိယရွေးချယ်ရမယ့်အခွင့်အရေးကို Mina ကရသွားသည်...

Junho စိတ်ထဲမှာကျိတ်ပျော်နေသည်...အစပိုင်းသူ့အကြံက Taehyung ကိုအနိုင်မရစေချင်ရုံသက်သက်ပဲ..အမြဲသူ့(jh)ထက်သာနေတာကိုတော့မလိုချင်ဘူးလေ..အခုတော့ Jungkook ပါထိသွားတာကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလိုပင်...

Jihoon ကသေချာပေါက် Taehyung ကိုပဲရွေးလိမ့်မည်...Mina ကလည်း Jungkook ကိုရွေးချယ်မှာမဟုတ်သလိုသူ့(jun)ကိုလည်းရွေးလိမ့်မည်လို့မထင်..ထို့ကြောင့်သူ့အတွက် Jungkook နားကပ်ဖို့အခွင့်အရေးရသွားတာမို့ Junhoပျော်နေခြင်းပင်...

Taehyung ကအများကြီးမထိခိုက်သွားပေမယ့် ပွန်းပဲ့ဒဏ်ရာလေးတွေရှိတာကြောင့် Jimin ကပြိုင်ပွဲပြီးပြီးချင်းဆေးလိမ်းပေးဖို့ဆိုပြီးလာခေါ်သွားသည်...Jungkook ပါတစ်ခါတည်းလိုက်သွားပြီး ကျန်တဲ့သူတွေကတော့အနားယူ ဆေးကျောဖို့အသီးသီးထွက်သွားခဲ့ကြသည်...

Jihoon လည်းစိတ်ပူလို့လိုက်သွားချင်ပေမယ့်သူ့မှာထိုအခွင့်အရေးမရှိဘူးဆိုတာသိလို့ တခြားသူတွေနှင့်သာလိုက်သွားရသည်...

My Annoying Ex(Ongoing)Where stories live. Discover now