Ex 36

3.7K 427 11
                                    

Jungkook တစ်ယောက် သူ့ရဲ့သက်ဆိုင်သူလေးအား တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ အလွမ်းဖြေနေပေမယ့် သက်ဆိုင်သူလေးကတော့ မတုံ့ပြန်လာပေ။

"ဖက်ပြီးရင်လွှတ်တော့ ဖေဖေတို့စောင့်နေတယ်"

"အွန်းပါ"

မလွှတ်ချင်ပေမယ့် သက်ဆိုင်သူလေးရဲ့စကားနားထောင်ရမှာမို့ Jungkook လွှတ်ပေးလိုက်သည်။

"ခနလေး... မင်းရဲ့မိဘတွေက ကိုယ့်ကိုတွေ့ချင်တာလား"

Jungkook အသိဝင်သွားသူလို အနည်းငယ်ပြာယာခပ်သွားသည်။ သူ့ပုံစံက ညှင်းသိုးသိုးနိုင်ပြီး နှုတ်ခမ်းရော မှုတ်ဆိတ်မွှေးပါ မရိပ်ထားရသေးဘူး။ ရေတောင် တာဝန်အရပဲ ပြီးစလွယ်ချိုးခဲ့တာ။ ဒီရက်ပိုင်း လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်နေလို့ ကိုယ့်ပုံရိပ်ကိုယ် အာရုံမစိုက်နိုင်ခဲ့ဘူးလေ။

ကိုယ့်ပုံရိပ်ကိုယ် ကားမှန်မှာကြည့်နေတဲ့ Jungkook ရဲ့မျက်နှာပေါ်က ပူပန်မှုတွေကို Taehyung မြင်ရသည်။

"ဘာမှ မဖြစ်ပါဘူး မင်းက ကြည့်ကောင်းပါသေးတယ်"

(မျက်နှာနည်းနည်းချောင်သွားတာက လွှဲရင်ပေါ့)

"ကိုယ်က မင်းမိဘတွေရဲ့ ပထမဆုံးအမြင်မှာ အကောင်းဆုံးဖြစ်ချင်တာကို...ကိုယ် Hotel သွားပြီး သေချာပြင်ဆင်ပြီးမှ ပြန်လာခဲ့မယ်လေ ရမလား?"

"မင်းက ငါ့မိဘတွေကို စောင့်ခိုင်းချင်လို့လား.. "

"အဲ့လို မဟုတ်ပါဘူး..."

"မတွေ့ချင်လည်း ပြန်လေရတယ်... နောက်ရက်တွေတော့ သူတို့ တွေ့ချင်ပါ့မလားဆိုတာ ငါ အာမ မခံဘူး"

"အင်းပါ အင်းပါ... ဒါဆို ကိုယ်နည်းနည်းတော့ သေသပ်အောင်လုပ်လိုက်ဦးမယ်"

Jungkook သူဝတ်စုံကို ခပ်မြန်မြန်လေး သပ်ရပ်အောင် သေချာဝတ်လိုက်သည်။ အနည်းငယ်ဖွာနေတဲ့ဆံပင်တွေကိုလည်း သေချာဖိသိမ်းလိုက်ပြီး မျက်နှာကို ကားထဲက Wet Tissue ယူပြီး သန့်ရှင်းလိုက်သည်။

အကုန် အဆင်ပြေမပြေတစ်ချက်စစ်ပြီးမှ Taehyung နဲ့အတူ အထဲကို Jungkook လိုက်လာခဲ့သည်။

Taehyung ရဲ့မိဘတွေအိမ်က အပြင်မြင်ကွင်းထက် ခြံဝင်းထဲမှာ ပိုကျယ်သည်။ အနောက်ဘက်ကို လှမ်းမြင်ရသလောက်ကတော့ စိုက်ပျိုးရေး တစ်ခုခုလုပ်ထားပုံပေါ်သည်။ ဇကာပိုက်ကွန် အမိုးစလေးတွေကို တွေ့နေရသည်။

My Annoying Ex(Ongoing)Where stories live. Discover now