Ex 41

2.1K 243 13
                                    

(Warning.. This part contains mature scene)

G Hotel ဧည့်ခန်းတွင်...

ဖွင့်ထားတဲ့ TV ကိုမှအားမနာ စိတ်တွေ ပြန့်လွှင့်နေတဲ့ Jungkookအား Taehyung ကြည့်ရင်း ရယ်ချင်နေသည်။ Screen ပေါ်မှာ ကပြနေတဲ့ Kpop Girl Group အဖွဲ့မှာလည်း ခနခနကပြနေလွန်လို့ မောနေရော့မယ်။ သူရောက်ကတည်းက Jungkook ထို Groupသီချင်းကို Repeat လုပ်ပြီးဖွင့်ထားတာ ဘယ်နှခါတောင်ရှိပြီမသိ။ တကယ်တော့ သူရောက်လာမှ ကောက်ဖွင့်လိုက်မှန်း သိသာပါတယ်။

ပုံမှန်ဆို Jungkookက မိန်းကလေးအဖွဲ့သီချင်းမပြောနဲ့ ယောကျာ်းလေးအဖွဲ့သီချင်းတွေတောင် နားထောင်တတ်တာမဟုတ်။ ဇာတ်ကားတောင် Taehyung ရိုက်ထားတဲ့ဇာတ်ကားတွေနဲ့ Taehyung ကြည့်တဲ့ဇာတ်ကားတွေသာ အတူလိုက်ကြည့်ဖြစ်တာများသည်။

ဒီလိုအကျင့်က သူအသက်ကြီးလာမှမဟုတ်ဘဲ ကျောင်းသားအရွယ်ကတည်းက အချိန်အားနေရင် လေ့ကျင့်ခန်းလုပ်တယ်၊ စကိတ်စီးတယ်၊ စာဖတ်တယ်၊ မဟုတ်ရင်လည်း အဖေ့လုပ်ငန်းနဲ့ပတ်သတ်တာတွေကို ကိုယ့်ဘာသာလေ့လာနေတတ်သည်။

ဒါပေမဲ့ သူ့ဘဝထဲကို Taehyung ဝင်လာကတည်းက သူ့ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေက ပြောင်းလဲလာခဲ့သည်။ Taehyungနဲ့ စတွဲပြီးနောက်ပိုင်း သူ့ရဲ့အားလပ်ချိန်တွေက Taehyung အပိုင်လိုဖြစ်မှန်းမသိ ဖြစ်ခဲ့သည်။

ဒါ့ကြောင့်ပဲ သူတို့လမ်းခွဲတုန်းက Taehyung မရှိတဲ့ဘဝကို Jungkook ကျင့်သားမရခဲ့တာဖြစ်သည်။ တကယ်တန်း သူ့နှလုံးသားထဲမှာ Taehyungက တဖြည်းဖြည်း နေရာယူသွားတာကို အဲ့တုန်းက သူ နားမလည်ခဲ့တာ။အခုတော့ သူ ကောင်းကောင်းကြီးနားလည်သွားပြီမို့ Taehyungကို လုံးဝလက်လွှတ်ပေးမှာ မဟုတ်တော့ပေ။

ဒါပေမဲ့ အခု သူ စိတ်ဆိုးနေတယ်။ အရမ်း အရမ်း အရမ်းကို စိတ်ဆိုးနေတာ။

"Jungkook မင်း ဘာလို့ စကားမပြောသေးတာလဲ.. အဲ့ကောင်မလေးတွေက ငါ့ထက်ကြည့်ကောင်းနေလို့လား"

Taehyungက Jungkook စိတ်မပါလက်မပါကြည့်နေမှန်းသိပေမယ့် တမင်သပ်သပ် သဝန်တိုသလိုလေသံလေးနဲ့ပြောလိုက်သည်။

"ဟွန်း..." Jungkookက နှာတစ်ချက်မှုတ်ကာ ပြန်မဖြေချင်ကြောင်းပြလေသည်။

My Annoying Ex(Ongoing)Where stories live. Discover now