Ex 8

6.7K 738 90
                                    

[A/N...Dating show က Single inferno ရဲ့Trailerပုံစံကို inspire ယူထားတာပါကြည့်တော့မကြည့်ဖူးပါဘူး😁]

နောက်နှစ်ရက်လောက်နေတော့ သူတို့တွေ Dating Show ရိုက်မယ့်မီနာကျွန်းကိုသွားဖို့လေယာဥ်ကွင်းမှာလူစုခဲ့ကြသည်...

Dating Show မှာကယောကျာ်းလေး၅ယောက် မိန်းကလေး ၅ယောက်ပါဝင်ပြီး ထိုထဲမှာတက်သစ်စသရုပ်ဆောင်တွေနှင့်နယ်ပယ်အသီးသီးကပညာရှင်တွေလည်းပါသေးသည်...

အများစုကတော့သူတို့နယ်ပယ်မှာကျော်ကြားမှုရဖို့အတွက်ပါဝင်ကြတာဖြစ်သည်...တကယ် Date ဖို့ရည်ရွယ်ပြီးပါဝင်ကြတဲ့သူတွေလည်းရှိတာပေါ့...

Taehyung တစ်ယောက်တည်းသာသီးသန့်ကမ်းလှမ်းခံရတာဖြစ်ပြီး ကျန်တဲ့သူတွေကတော့စစ်ဆေးချက်အောင်မြင်ပြီးမှရောက်လာကြတာဖြစ်သည်...

အဲ့တာကလည်း Show တွေရဲ့ထုံးစံအတိုင်းလတ်တလောလူစိတ်ဝင်စားမှုများနေတဲ့သူတွေကို ပါဝင်ဖို့သီးသန့်ဖိတ်ကြားခြင်းပင်...တချို့ကျတော့လည်း Sponser အကူအညီနဲ့ပါဝင်ဖို့အောင်သွားတဲ့သူတွေလည်းရှိသည်...

Taehyung ကအစတည်းကဖော်ရွေတဲ့သူပီပီ လူတိုင်းအားဖော်ဖော်ရွေရွေနှင့်ပြုံးပြနှုတ်ဆက်ခဲ့သည်...တချို့ကလည်းအပြုံးနှင့်ပြန်တုန့်ပြန်ပေမယ့်သရုပ်ဆောင်တစ်ယောက်ကတော့လစ်လျူရှုသွားခဲ့သည်...Taehyung ကစိတ်မဆိုးပေမယ့် Jimin ကတော့ခံပြင်းနေသည်...

"ဟမ့်...သူကများငါ့မင်းသားကိုချေနေတယ်...Sponser အကူအညီနဲ့ဒီလောကထဲရောက်နေတဲ့သူကများ..."

"Jimin na...သူများကြားသွားရင်မကောင်းဘူးလေကွာ...ဒီတိုင်းစိမ်းနေတာမို့လို့နေမှာပါ.."

"ဘာစိမ်းတာလဲ...ပထမတစ်ခါကမင်းAuditon အောင်မယ့်ဇာတ်ကားကိုသူ့Sponser အကူအညီနဲ့ယူသွားတာကိုမင်းကစိတ်မဆိုးဘူးလား..."

အခုရိုက်ထားတဲ့ Web Drama မတိုင်ခင်က Taehyung ဇာတ်ကားတစ်ခုမှာ Audition ဝင်ဖူးသည်လေ...ဒိုင်တွေအကုန်လုံးကသဘောကျကြလို့အောင်ပြီထင်ခဲ့ပေမယ့် တခြားတစ်ယောက်ပဲရသွားခဲ့သည်...နောက်မှသူတို့သိလိုက်ရတဲ့အမှန်တရားက ထိုမင်းသားသစ်ရဲ့နောက်ကွယ်မှာ Sponser အကြီးကြီးရှိနေခဲ့သည်...

My Annoying Ex(Ongoing)Where stories live. Discover now