Ex 14

6.2K 700 63
                                    

ဒီနေ့တရက်လုံးအတွက် Mission ကကိုယ်တွဲထားတဲ့တွဲဘက်နှင့်ရင်းနှီးမှုရယူပြီး တစ်ယောက်အကြောင်းတစ်ယောက်သိအောင်လုပ်ကြရမှာဖြစ်သည်...

တတွဲဆီမှာ VJ နှစ်ယောက်ဆီပါသွားမှာဖြစ်ပြီး ကျွန်းရဲ့နေရာတစ်ခုခုကိုသွားပြီးအချိန်ဖြုန်းရမှာ...နေ့လည်စာအတွက်လည်း နှစ်ယောက်အတူ Mission လုပ်ပြီးမှစားရမှာဖြစ်သည်...

Taehyung တို့အဖွဲ့ကအကုန်ယောကျာ်းလေးတွေဆိုတော့ သူတို့အတွက်တော့အခက်အခဲမရှိ...တခုပဲ Jungkook ရော Jihoon ရောက Mission တွေဆို သူ့ထက်ငါအပြိုင်လုပ်နေကြသည်...မသိရင်တဖွဲ့တည်းမဟုတ်တာကျနေတာပဲ..ဘယ်သူ Mission လုပ်လုပ်နိုင်ရင်ပြီးတာပဲကို...

ဒါပေမယ့် Jungkook နဲ့ Jihoon တို့နှစ်ယောက်သား စိတ်သဘောထားချင်းတိုက်ဆိုင်တာတချိန်တော့ရှိခဲ့သည်...အဲ့တာက နေ့လည်စာ Mission တစ်ခုမှာ Taehyung က Mina တို့မိန်းကလေးအဖွဲ့အတွက်ကူဆော့ပေးတဲ့အချိန် နှစ်ယောက်လုံးမကျေမနပ်ဖြစ်ခဲ့တာပင်...

နှစ်ယောက်လုံးကလည်း Mina တို့အဖွဲ့ကိုကူညီဖို့ဆန္ဒမရှိခဲ့ကြ...အကြောင်းမှာ တစ်ယောက်ကကူညီပေးနေတဲ့အချိန် နောက်တစ်ယောက်က Taehyung ကိုခေါ်ပြီးထွက်သွားမှာကို စိတ်ထဲကအလိုလိုသိနေကြတာကြောင့်ဖြစ်သည်...

ညနေဘက် အစောပိုင်းမှာတော့ တစ်ယောက်ချင်းဆီက ကိုယ့်တွဲဖက်ရဲ့အကြောင်းတွေပြောဖို့ Interview လိုသဘောမျိုးရိုက်ကြရသည်...Season 1 မှာတုန်းကကိုယ့်တွဲဖက်ကိုသဘောကျတဲ့သူများသည်...တချို့ဆိုတကယ်အတွဲဖြစ်သွားတဲ့သူတွေတောင်ရှိသည်...

ဒီ Season 2 မှာကနည်းနည်းထူးခြားတယ်ပြောရမည်...လူတိုင်းနီးပါး ကိုယ့်တွဲဖက်မဟုတ်တဲ့သူတွေကိုပဲသဘောကျနေကြသည်...Jungkook ကတော့ Interview မရိုက်ရ.. သူ့မေးရင်လည်းဖြေချင်တာတွေပဲဖြေသွားမှာလေ...

ထိုအစား Jungkook က Taehyung ဖြေတာကိုရှေ့ကထိုင်ကြည့်နေသည်...

'Taehyung shi ဒီနေ့တွဲဖက်နှစ်ယောက်တောင်ရှိခဲ့တယ်မလား ယောကျာ်းလေးနှစ်ယောက်ကရွေးတဲ့အပေါ် ဘယ်လိုခံစားရလဲ..'

Taehyung က မသက်မသာပြုံးလိုက်ပြီး...

"ဒါကကျဘယ်လိုပြောရမလဲ နှစ်ယောက်လုံးကသူတို့နဲ့အဆင်ပြေတဲ့သူကို ရွေးလိုက်တာလို့ထင်တယ် ကျတော်လည်းသေချာမပြောတတ်ဘူးဗျ.."

My Annoying Ex(Ongoing)Where stories live. Discover now