Ex 29

4.3K 434 17
                                    

နောက်ရက် Taehyung နိုးလာတော့ မနေ့က အရက်ဒဏ်ကြောင့် တစ်ကိုယ်လုံးညောင်းကိုက်နေသည်...သူ့ပေါင်ကြားကလည်း တစ်ခုခုနဲ့ပွတ်တိုက်ခံထားရသလို စပ်ဖျဥ်းဖျဥ်းဖြစ်နေသေးသည်...သို့ပေမယ့် ညကဘာတွေဖြစ်သွားလဲသူ'မသိ... အားနာနာနဲ့အရက်လက်ခံသောက်ပေးလိုက်လို့ နောက်ဆုံး မူးပြီးမှောက်သွားတာပဲသိလိုက်သည်...အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းတောင် မသိဘူး...

နာရီကြည့်လိုက်တော့ ၁၂ နာရီကျော်နေပြီ.. ဒီအချိန်ဆို Jungkook လည်းအလုပ်မှာပဲ ရှိလိမ့်မည်..Taehyung လန်းသွားအောင် ရေအရင်ချိုးလိုက်သည်...

အခန်းထဲကထွက်လာတော့ မနက်စာစားဖို့တွေးပြီး ထမင်းစားခန်းထဲဝင်လိုက်သည်..အင်း 12 ကျော်ပြီဆိုတော့ နေ့လည်စာပေါ့.. ထမင်းစားခန်းထဲမှာ ခါတိုင်းလို အုပ်ဆောင်းလေးအုပ်ထားတဲ့ မနက်စာလေးကအဆင်သင့်.. နေ့လည်ရောက်ပြီဆိုတော့ နည်းနည်းတောင်အေးစက်စက်ဖြစ်နေပြီ...

မနေ့ညကTaehyung အရက်သောက်ထားတာဆိုတော့ Jungkook ကအမူးပြေဟင်းရည်လေးပါ လုပ်ထားပေးသည်...

(ညကငါမူးပြီး Jungkook ကိုအပြစ်တစ်ခုခုတော့ မလုပ်လိုက်လောက်ပါဘူးနော်)

Taehyung အတွေးနဲ့အတူ ထမင်းစားစာပွဲမှာဝင်ထိုင်ရင်း ဖုန်းခေါ်လိုက်တော့ တဖက်ကခနအတွင်းကိုင်သည်...

"Hello"

"မင်းရုံးခန်းထဲမှာလား ငါမနေ့ကဘာမှမမှတ်မိလို့ ပြီးတော့အမူးပြေဟင်းရည်အတွက် ကျေးဇူးပါ"

"အခုမှနိုးတာလား "

"အင်း.."

"ဒါဆိုဟင်းရည်ကိုပြန်နွေးပြီးမှသောက်နော် အေးအေးကြီးသောက်ရင် မလန်းဘဲနေလိမ့်မယ် "

"အင်းပါ..ငါ.... ညကအမှားတစ်ခုခု လုပ်မိသေးလား"

"မလုပ်ပါဘူး "

တကယ်တန်းလုပ်တဲ့သူက သူ(jk)ဆိုတာတော့ Jungkook ပြောမှာမဟုတ်ပေ...

"တော်သေးတာပေါ့ မင်းရောနေ့လည်စာစားပြီးပြီလား"

"မစားရသေးဘူး ကိုယ်အခုMeeting လုပ်နေတာမို့လို့"

"ဟမ်...ဒါဆို ငါနှောက်ယှက်မိသွားတာလား"

My Annoying Ex(Ongoing)Where stories live. Discover now