Ex 26

4.8K 482 25
                                    

ညနေ Jungkook အလုပ်ကပြန်ရောက်တော့ Taehyung ကိုပါသူ့တိုက်ခန်းမှာပဲအတူနေဖို့လာခေါ်သည်...

"အဲ့ဒါတော့မရဘူး Jimin တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်"

"သူက ကလေးမဟုတ်ဘူး"

"အေးလေ Taehyung ကလည်း..မင်း CEO Jeon နဲ့ပဲအတူနေလိုက်ပါ ငါတစ်ယောက်တည်းနေလို့ရပါတယ်ဟ"

Jimin ကပါကူပြောပေးနေသည်...

"ဒါပေမယ့်လည်း..."

"ဒါပေမယ့်မနေနဲ့ ငါတို့ကတစ်ထပ်တည်းမှာပဲလေ အခန်းလေးပဲခြားတာကို ပြီးတော့ငါနဲ့က Shooting မှာတစ်ချိန်လုံးတွေ့နေရမှာ.. CEO Jeon နဲ့ကျ အိမ်မှာပဲလွှတ်လွှတ်လပ်လပ် ဘာညာလို့ရမှာလေ ဟင်းဟင်း"

"ရား ဘာကိုဘာညာလဲ မင်းနော်.."

"ဟီးဟီး မဟုတ်လို့လား"

Jimin ကစပ်ဖြီးဖြီးလုပ်ကာစနေတော့ Taehyung မျက်နှာကရဲလာသည်...

"တော်ပြီ ငါမသွားတော့ဘူး"

"ဟဲဟဲ မင်းကလည်း စတာကို...သွားလိုက်ပါကွာ မဟုတ်ရင် ငါ့ထမင်းအိုးလေးကွဲသွားပါဦးမယ် ကြောက်တယ်ဟ"

"ဟွန်း.."

Taehyung သက်ပြင်းချကာ Jungkook ကိုလှည့်ကြည့်လိုက် Jimin ကိုကြည့်လိုက်နဲ့ ခနစဥ်းစားပြီးမှ ဆုံးဖြတ်ချက်ချလိုက်သည်...Jungkook မငြီးငွေ့တဲ့အချိန်ထိတော့ အတူတူနေပေးလိုက်တာပေါ့...

"အင်းပါ.. ဒါဆိုမင်းတစ်ခုခုဖြစ်ရင် ငါ့ကိုချက်ချင်းခေါ်နော်"

"အေးပါ အေးပါ အဝတ်အိတ်ယူသွားမှာမလား ထည့်ရအောင်လေ"

"နည်းနည်းပဲယူသွားမယ် မဟုတ်လည်းသူငြီးငွေ့သွားရင် ငါ့အိမ်ငါပြန်လာရမှာပဲ"

"ကိုယ်ကမင်းကို ဘာလို့ငြီးငွေ့ရမှာလဲ"

Jungkook ကထိုစကားကြားတော့ ချက်ချင်းဝင်ပြောလာသည်...

သို့ပေမယ့် Taehyung က မကြားချင်ယောင်ဆောင်ကာ အဝတ်နဲ့ပစ္စည်းတစ်ချို့ကို အိတ်ထဲသွားထည့်နေလိုက်သည်...

Jungkook ကတော့ Taehyung ရဲ့လှုပ်ရှားမှုတိုင်းကို ပါးစောင်လျှာနဲ့ထိုးလျှက် စိုက်ကြည့်နေသည်...'ငြီးငွေ့သွားရင်' ဆိုတဲ့စကားက သူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေသည်...

My Annoying Ex(Ongoing)Where stories live. Discover now