Ex 20

6K 640 89
                                    

လည်ပင်းကယားကျိကျိခံစားချက်နှင့်အတူ မျက်နှာမှာပါစိုစိစိခံစားနေရတာကြောင့် Taehyung ညည်းလိုက်သည်..

"အင်း..ဟင်း...Tan na ယားတယ် မလုပ်နဲ့တော့.."

လက်ကိုနောက်ပြစ်ကာအမွှေးတွေကိုခပ်ဖွဖွပွတ်ရင်းပြောလိုက်တဲ့ Taehyung...ဒါပေမယ့် အမွှေးတွေကဘာလို့စိုနေတာပါလိမ့်...

"Tan ကဘယ်ကောင်လဲ.."

လေသံမာမာကြောင့် Taehyung မျက်လုံးတွေဆက်ကနဲပွင့်လာပြီးနောက်လှည့်ကြည့်လိုက်တော့ မျက်မှောင်ကြုတ်နေတဲ့ Jungkook ကိုတွေ့လိုက်ရသည်..ပြီးတော့သူ(th)ကိုင်နေတာက Jungkook ရဲ့ဆံပင်တွေဖြစ်နေသည်...

Taehyung မနေ့ညကသူတို့တစ်ကုတင်ထဲအိပ်ခဲ့တာကိုမေ့နေခြင်းပင်..ခနကအိပ်မက်ထဲမှာသူ့ခွေးလေး Yeontan ကသူ့ကိုလျှာနဲ့လျှက်ပြီးလာနိုးနေတာမို့လို့ အထင်မှားသွားတာဖြစ်သည်..

Jungkook ဆံပင်တွေကိုကိုင်ထားတဲ့လက်ကိုလွှတ်ပြီး Taehyung ထထိုင်လိုက်သည်..သူ(th)က မနေ့ကအတိုင်းညအိပ်ဝတ်နဲ့ရှိနေပေမယ့် Jungkook ကတော့ခါးမှာသဘက်တထည်သာပတ်ထားပြီးအပေါ်ပိုင်းဗလာဖြစ်နေသည်..

"မင်း...မင်းရေချိုးပြီးရင်လည်း အဝတ်တွေဝတ်ထားပါလား..."

"Tan ကဘယ်ကောင်လဲ အရင်ဖြေ"

Jungkook ကဘာလို့သူ့(th)ခွေးလေးကိုအရမ်းသိချင်နေတာပါလိမ့်...

"အော...Tanလားငါသားလေးလေ ဘာလို့လဲ"

"ဘာ..."

Jungkook မျက်နှာကပုံမှန်ထက်ပိုမဲမှောင်လာသည်...

"Ya..မင်း..မင်းကဘာလို့ဒေါသထွက်ပြနေတာလဲ သူများအခန်းထဲလည်းလာအိပ်သေးတယ်.."

"မင်းရဲ့သားကဘယ်မှာလဲ.."

"Dague မှာပေါ့.."

Jungkook ကတစ်ခုခုကိုစဥ်းစားနေဟန်နှင့်ခနလောက်ငြိမ်သွားသည်..

"ငါ..ရေချိုးခန်းဝင်လိုက်ဦးမယ်.."

Jungkook တွေဝေနေတာကိုအခွင့်ကောင်းယူပြီး Taehyung ထဖို့ပြင်လိုက်သည်..သို့သော် Jungkook ကသူ့(th)လက်ကိုဆွဲလာသည်..

"ဘာလို့လဲ..."

Taehyung နည်းနည်းလန့်နေပေမယ့် နောက်လှည့်ကာမေးလိုက်သည်...

My Annoying Ex(Ongoing)Where stories live. Discover now