Ex 34

3.8K 523 32
                                    

သူဌေးJoနဲ့ Junho တို့ နှစ်ယောက်လုံး ထောင်ဒဏ် အနှစ် ၂၀ အထက်ကျအောင် Jungkook အာဏာသုံးလိုက်သည်။ သူ့မှာ ထိုနှစ်ယောက်ကို ဖြုတ်ချဖို့ အချက်အလက်တွေအကုန် အဆင်သင့် ရှိပြီးသား.. Taehyung ဆန္ဒမရှိလို့သာ သူ ဘာမှ ထပ်မလုပ်ခဲ့တာ။

အရင်ကတည်းက ထိုနှစ်ယောက်အား အပြတ်မရှင်းခဲ့မိတာကိုပဲ Jungkook နောင်တရသည်။ သူသာ အဲ့အချိန်က လုပ်ခဲ့ရင် Taehyung နဲ့အခုလို ဝေးဖို့ကိစ္စတွေ ရှိတော့မှာ မဟုတ်ဘူး။ ခနလေးခွဲရတာတောင် လွမ်းနေရတာ အခု Taehyung က ဆက်သွယ်ခွင့်ပါ မပေးတော့ သူ့မှာ သေလောက်အောင် ခံစားနေရသည်။

"CEO Jeon ဒီည အိမ်ပြန်မှာလား"

ပင်ပန်းနွမ်းနယ်ကာ ပူဆွေးနေသည့် CEO ဖြစ်သူအား Yoongi မေးလိုက်သည်။ မနေ့ညကတည်းက CEO Jeon အိမ်မပြန်ရသေးဘူးလေ။

"မပြန်ဘူး မနက်ဖြန်မှပဲ ပြန်တော့မယ်..."

အိမ်ပြန်ရင် စောင့်နေမယ့်သူမရှိတဲ့နေရာကို Jungkook မပြန်ချင်ပါ။ သက်ဆိုင်သူရဲ့ အငွေ့အသက်တွေပဲ ရှိနေတဲ့ အိမ်မှာဆို သူ ပိုပြီး ခံစားရလိမ့်မည်။

"ဒါဆို ကျတော်ပြန်တော့မယ်နော် CEO"

"အင်း"

Yoongi ရုံးခန်းထဲက ထွက်သွားသည်။

Jungkook မှန်ပြတင်းကနေတဆင့် အောက်ဘက်က သွားလာလှုပ်ရှားနေကြတဲ့ လမ်းမကြီးရဲ့ ညမြင်ကွင်းအား ခံစားချက်မရှိသူလို ရပ်ကြည့်နေမိသည်။ သူ့စိတ်ထဲမှာ ဘာပြဿနာမရှိသေးတဲ့အချိန်တုန်းက Taehyung နဲ့ ကျီဆယ်ခဲ့ကြတဲ့ စကားသံတွေကို ကြားယောင်နေသည်။

အခုကျတော့လည်း ထိုကြည်နူးမှုတွေက အိမ်မက်များလားလို့တောင် ထင်လာမိသည်။

"ကိုယ် မင်းကို အရမ်းလွမ်းတယ်"

Jungkook သက်ပြင်းချလိုက်ပြီး အလုပ်စာပွဲဆီ ပြန်လာခဲ့သည်။ မျှော်လင့်ချက်လေးနဲ့ သူ့ဖုန်းကို ထပ်ဖွင့်ကြည့်လိုက်ပေမယ့် အလုပ်ကိစ္စကလွှဲရင် ဘာစာမှ ဝင်မလာသေး။ Jimin က အခုထိ သူ့ဆီ အကြောင်းမကြားသေးတာက Taehyung ဘက်က မဆက်သွယ်လာသေးတာကြောင့် ဖြစ်မည်။ သူ ဒီထက် မစောင့်နိုင်ဘဲ လိုက်သွားမိရင် Taehyung စိတ်ဆိုးနိုင်လောက်လား...

My Annoying Ex(Ongoing)Where stories live. Discover now