Ex 4

8.1K 809 65
                                    

Jimin တစ်ယောက်ခနကိစ္စကိုပြန်တွေးကာမျက်နှာတွေပူပြီး Yoongi အားလှည့်ကြည့်လှည့်ကြည့်ဖြစ်နေသည်...အထူးသဖြင့် Yoongi ရဲ့နှုတ်ခမ်းလေးကို...

ခနကသူတို့သန့်စင်ခန်းသွားတော့ Yoongi တော်တော်ကြာသည်အထိအထဲကထွက်မလာ...Jimin ကအစတည်းကကြောက်တတ်သူမို့ လေတိုက်ရင်တောင်လန့်လန့်နေသည်...အခုနေရာက ရှူတင်အတွက်သပ်သပ်ဖန်တီးထားတဲ့နေရာမို့ ရှူတင်ပြီးရင်လူမရှိတော့...

"ဟေ့...အထဲကလူမပြီးသေးဘူးလားဗျ..."

အထဲကပြန်ထူးသံမထွက်လာတာကြောင့် Jimin အထဲကိုပဲဝင်သွားလိုက်ရသည်...

"ဟေ့လူ...ခများဘယ်ထဲမှာလဲ.."

သန့်စင်ခန်းထဲမှာတိတ်ဆိတ်နေပြီးသူ့အသံပဲထွက်နေတာကြောင့် Jimin ပိုလန့်လာသည်...ပြီးတော့ဘေစင်ကရေဂေါက်ကိုသေချာမပိတ်ထားတာကြောင့်ရေကျသံတစက်စက်ကလည်းခြောက်ချားစရာကောင်းနေသည်...

အိမ်သာတံခါးတွေကို ဖြည်းဖြည်းချင်းတစ်ခန်းဆီတွန်းဖွင့်နေတဲ့ Jimin..

"ဒီ...ဒီမှာ...ခ...ခများဘယ်မှာလဲ..."

Jimin တဖြည်းဖြည်းငိုချချင်လာသည်...

နောက်ဆုံးတံခါးဖွင့်လိုက်တဲ့အချိန်မှာပဲ...

"အားးးးးးးးးးးးးး"

မျက်နှာသေနဲ့တောင့်တောင့်ကြီးရပ်နေတဲ့ Yoongi ကြောင့် Jimin လန့်ကာအော်လိုက်မိပြီး ဆောင့်ကြောင့်ထိုင်လျှက်ချုံးပွဲချကာငိုတော့သည်...

"အီးဟီး....ခများလူယုတ်မာ...အီးဟီး...Omma..."

"ဟေ့...အသေးလေးဘာလို့ငိုနေတာလဲတိတ်တော့ မင်းပဲပြောတော့မကြောက်တတ်ဘူးဆို ကိုယ်ကနည်းနည်းလေးစကြည့်တာကို..."

Yoongi ကသူပါထိုင်လိုက်ပြီး Jimin ပခုံးနှစ်ဖက်ကိုကိုင်ကာချော့နေသည်...

"အီးဟီး....Omma..."

ပြောလေ Jimin ကပိုငိုလေဖြစ်နေတာကြောင့် Yoongi စိတ်မရှည်လာတော့ဘဲ ထိုအသေးလေးရဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်ကိုနှစ်ဝင်သည်အထိနမ်းပြစ်လိုက်သည်...

ထိုအခါမှ Jimin တစ်ယောက်မျက်လုံးအပြူးသားနှင့်အငိုတိတ်သွားသည်...

My Annoying Ex(Ongoing)Where stories live. Discover now