Ex 23

6.9K 649 105
                                    

Jimin အစတည်းက မသင်္ကါလို့ Taehyung ပါသွားကတည်းက Yoongi ကိုmessage ပို့ထားပြီးပြီ..ဒါပေမယ့်သူတို့တွေလာဖို့ထိ မစောင့်နိုင်တော့ဘူး..သူ(jm) Taehyung ကိုအရမ်းစိတ်ပူနေပြီ...လိုက်သွားရအောင်လည်းအစောင့်နှစ်ယောက်ကတံခါးပေါက်မှာစောင့်နေသေးသည်...

"Ya...မင်းတို့နှစ်ယောက်ကို မင်းတို့သူဌေးကလခဘယ်လောက်ပေးလဲ.."

Jimin ခပ်တည်တည်နဲ့မေးလိုက်တော့ အစောင့်နှစ်ယောက်ထဲကတစ်ယောက်က...

"မင်းကဘာလို့သိချင်နေတာလဲ.."

"မင်းတို့ကအန္တရာယ်များတဲ့အလုပ်ကိုလုပ်နေတော့ လခများမလားသိချင်လို့လေ.."

Jimin စကားကြောင့် အစောင့်နှစ်ယောက်မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားကြသည်...ဒီအသေးလေးကိုစောင့်ကြည့်ရတာဘယ်လောက်များအန္တရာယ်များမှာမို့လို့လဲ..ဒါမှမဟုတ်...

"မင်းက...တိုက်ကွမ်ဒိုခါးပါတ်နက်ရထားတာမို့လို့လား.."

"မဟုတ်ဘူး.."

တမင်ရွှီးရအောင်လည်းသူ(jm)မှမချတတ်တာ...တကယ်ချကြရင်နှစ်ယောက်တစ်ယောက်မို့ သူပဲခံရမှာပေါ့...တစ်ယောက်ချင်းဆိုရင်တော့ နည်းနည်းရွှီးချင် ရွှီးမိဦးမည်...

"မဟုတ်ရင်လည်း ဘာကများအန္တရာယ်ရှိမှာမို့လို့လဲ.."

"မင်းတို့မသိဘူးလား Kim Taehyung က Euphoria က CEO Jeon ရဲ့လူဆိုတာ.."

"မသိဘူး..."

သူတို့က Company တစ်ခုရဲ့ Security တွေပဲမို့​ဘယ်လိုလုပ်ပြီး အနုပညာနယ်ပယ်ကလူတွေအကြောင်း သိမှာလဲ...သူတို့သူဌေးကလည်း တက်သစ်စတွေတိုင်းကို Sponser ပေးဖို့ကြံနေကျပဲဆိုတော့...

ဒါပေမယ့် Euphoria လိုထိပ်တန်း Company ကြီးတစ်ခုရဲ့ CEO ကိုတော့သူတို့သိပါသေးတယ်...

"Kim Taehyung ကိုထိရင်မင်းတို့တွေအဆုံးသတ်ကောင်းမှာမဟုတ်ဘူးနော်...ထောင်ထဲသွားရမှာသေချာသလောက်ပဲ မင်းတို့သူဌေးကသူ့လွှတ်လမ်းပဲသူရှာသွားမှာ မင်းတို့ကိုငဲ့ကြည့်မယ်များထင်နေလား.."

"ဒါပေမယ့် ငါတို့ဒီလိုမလုပ်ရင်လည်းသူဌေးJo ကအလုပ်ဖြုတ်လိမ့်မယ်..."

My Annoying Ex(Ongoing)Where stories live. Discover now