Junho တစ်ယောက်အခုထိ Jungkook ဆီကမျက်နှာရဖို့ကြိုးစားချင်စိတ်ကမပျောက်သေးတာကြောင့် အကူအညီပေးဖို့ သူတို့ညစာစားတဲ့နေရာဆီကိုပြန်လာခဲ့တာဖြစ်သည်...အခုလိုအနေအထားကိုတွေ့ရမယ်လို့သူ မမျှော်လင့်ခဲ့တာအမှန်...
ထို့ကြောင့် Junho သူစည်းကမ်းဖောက်ပြီးယူထားတဲ့ဖုန်းနောက်တစ်လုံးနှင့် မှတ်တမ်းတင်ထားလိုက်သည်...ဒါကတနေ့ Taehyung ရဲ့မျက်နှာဖုံးကိုခွာလို့ရမယ့် လက်နက်တစ်ခုဖြစ်ချင် ဖြစ်လာနိုင်သည်လေ...
"ဟက်...ထင်ပါတယ်မင်းတို့ကတစ်ခုခုတော့ပတ်သတ်နေလိမ့်မယ်လို့.. အစတည်းကမင်း Show မှာမျက်နှာရနေတာ မထူးဆန်းတော့ပါဘူး..သီးသန့်ဖိတ်ကြားခံရတာတဲ့ $ ပိုတွေ မင်းCEO Jeon ဆီဘယ်လောက်တောင်ကားပေးနေမှန်းမှမသိတာ...ငါမင်းကိုဒီတိုင်းပျော်ခွင့်ပေးမှာမဟုတ်ဘူး Kim Taehyung...တောက်..."
နမ်းနေတဲ့သူတွေကိုဆက်ကြည့်နေရင်း Taehyung ကိုပိုပိုမုန်းတီးလာတာကြောင့် Junho ထွက်သွားလိုက်တော့သည်...
..အင့်...
Taehyung သူ့ရဲ့ရှိသမျှအားကုန်သုံးကာ Jungkook ရင်ဘက်အားတွန်းထုတ်ပြစ်လိုက်ပြီး...
"ခများမတော်နိုင်သေးဘူးလား အသက်ရှူကြပ်နေပါပြီဆို..."
တကယ်လည်း Taehyung ကပါးစပ်လေးဟကာအသက်ရှူနေသည်...
"အရင်တုန်းကအတိုင်း သက်လုံအားမကောင်းသေးပါလား...ဒါတောင်နမ်းတဲ့အဆင့်ပဲရှိသေးတာနော်.."
Jungkook က Taehyung ရဲ့ပါးလေးကိုခပ်ဖွဖွညစ်ကာပြောလိုက်တော့ Taehyung ကသူ့(jk)လက်အား ပုတ်ထုတ်လိုက်ပြီး...
"ခများကိုဘယ်သူက အဆင့်တက်မယ်ပြောနေလို့လဲ အခုကခများ မလွှတ်ပေးမှာစိုးလို့အခြေအနေအရ နမ်းလိုက်တာ..ခများဆီပြန်လာမယ်လို့ မဆိုလိုဘူး.."
"ကိုယ်စောင့်နိုင်တယ်.."
"မစောင့်နဲ့ ခများလိုတကိုယ်ကောင်းဆန်တဲ့လူဆီ ကျတော်ပြန်လာမှာမဟုတ်ဘူး.."
"ကိုယ်ကတကိုယ်ကောင်းဆန်တယ်..?"
Jungkook ကတကယ်ကိုနားမလည်တဲ့ပုံစံနှင့်သာ...
"ခများတဖက်သားဆန္ဒမပါဘဲ ကိုယ်ဖြစ်ချင်တာပဲဦးစားပေးတာ တကိုယ်ကောင်းဆန်တာမဟုတ်လို့ဘာလဲ.."

YOU ARE READING
My Annoying Ex(Ongoing)
Fanfictionငါ့ရဲ့စိတ်ရှုတ်စရာကောင်းတဲ့ရည်းစားဟောင်းက ငါ့ကိုမချစ်ဘဲထပ်ကစားချင်နေတယ်...... Jungkook X Taehyung Start Date...[8-12-2022] End Date...