Part-3

2.6K 201 10
                                    

Unicode

ကားဘရိတ်အုပ်လိုက်သည့်အခါ သိမ့်ခနဲ အရှေ့သို့ ငိုက်ကျသွားသည့်ခန္ဓာကိုယ်ကြောင့် လူက အလိုလိုခေါင်းထောင်လာကာ အရင်ဆုံး ဒေါ်ကြီးအား ခေါ်နိုးမိသည်။

လမ်းခရီးတွင် တစ်လမ်းလုံးအိပ်လာကာ ပေကျင်းမြိူ့အ၀င်ကျမှ ဟိုတယ်တစ်ခုတွင်၀င်နားကာ တစ်ခါတည်းရေပါအပြီးချိုးလာခဲ့တာကြောင့် ကားပေါ်လိုက်ပါလာသည့် တူ၀ရီးနှစ်ယောက်က လန်းလန်းဆန်းဆန်းပင်။

CarDriverလေးမှာတော့ သူဌေးမင်းအမိန့်အတိုင်း တစ်လမ်းလုံး မရပ်မနား မောင်းလာခဲ့ရတာမို့မျက်တွင်းဟောက်ပက်နှင့်။

"ဒေါ်ကြီး...ဒေါ်ကြီး
ရောက်ပြီထင်တယ် ဆင်းကြမယ်လေ..."

ရှောင်းကျန့် တက်ကြွနေတာကိုမြင်တော့ ဒေါ်ကြီးကလဲ ခေါင်းလေးငြိမ့်ကာ ပြုံးပြ၏။

ကားထဲမှထွက်လိုက်သည်နှင့် မျက်စိရှေ့ရှိမြင်ကွင်းက ရှောင်းကျန့်ကို အံ့အားသင့်သွားစေသည်။
ကြီးလိုက်တဲ့ ၀မ်အိမ်တော်ကြီး!

ရှောင်းကျန့်တို့နေခဲ့သည့် တိုက်အိမ်လေးက ဤအိမ်ကြီးနှင့်ယှဥ်လျှင် ၅ပုံပုံ ၁ပုံလောက်သာရှိလိမ့်မည်။

အဟီး..ပျော်စရာကြီးပဲ..

ဒီလို ကျိကျိတက်ချမ်းသာသည့် သူဌေးအိမ်တွင် အမွေးစားအမွေခံအဖြစ် လာနေရသည့်ဘ၀က
တွေးကြည့်ရုံနှင့် ပျော်ဖို့ကောင်းလှသည်။
လက်တွေ့ရောက်နေသည့် ရှောင်းကျန့်ကတော့ အပျော်လွန်ကာ ပါးစပ်ပင်မစိနိုင်တော့ပါ။

အိမ်ကြီးကလဲ အကြီးကြီး...
အိမ်ပိုင်ရှင်ကလဲ သဘောကောင်း...
မွေးစားဖေဖေကပါ သူ့ကိုအရမ်းချစ်ရင်တော့ဖြင့်
ရှောင်းကျန့်တို့ ဒီဘ၀မှာ သေပျော်ပြီ။

"အကိုလေး...မသယ်ပါနဲ့
ကျွန်တော်တို့ပဲသယ်လိုက်ပါ့မယ်"

ကားနောက်ခန်းဆီမှ Luggageအိတ်အားဆွဲထုတ်နေသော ရှောင်းကျန့်အနားရောက်လာသည့်လူကောင်ထွားထွားကြီးနှစ်ယောက်က Luggageအိတ်တွေအားလုံးကို လက်နှစ်ဖက်နှ့် အသာလေး မ,ကာသယ်သွားကြသည်။

ဝါး....မိုက်လိုက်တဲ့Bodyတွေ...

ရှောင်းကျန့် ဒေါ်ကြီးကိုတစ်ချက်ငေးကြည့်တော့ သိပ်အံ့သြသည့်ပုံမပေ။
ဒေါ်ကြီးဟာ အရင်က ဒီလိုအိမ်ကြီးမျိုးမှာနေခဲ့ဖူး၍လား၊
လူကြီးမို့ အိန္ဒြေသိက္ခာနှင့် ထိန်းထားသည်လားတော့ မပြောတတ်။

Dear Medical Student[Completed]Where stories live. Discover now