Part-5

2.3K 196 1
                                    

Unicode

ရှောင်းကျန့် ကိုကိုလေးကားရဲ့ Love seatမှာ ထိုင်လိုက်ပါလာပြီးနောက် အရှေ့က ကားလမ်းမကြီးကိုသာကြည့်ကာ မောင်းနေသည့် ကိုကိုလေးအား တစ်ချိန်လုံး ကြည့်နေခဲ့သည်။

"ရောက်ပြီ...ဆင်း!"

ဇစ်အိတ်အဖြူလေးပိုက်လျှက် ကားပေါ်မှဆင်းသွာသည့်ရှောင်းကျန့်က အတော်ကြာသည်အထိ ကားအောက်တွင် ရပ်နေဆဲမို့ Driver seatရှိရိပေါ် မျက်မှောင်ကုတ်လိုက်မိ၏။
ခုထိမသွာသေးဘဲ ဘာရပ်လုပ်နေတာလဲ?

ပိတ်ထားသောကားမှန်အားဖွင့်ချကာ ထိုကောင်လေးအား ကြည့်လိုက်တော့ သူ့ကို အရူးလေးလိုပြုံးပြသည်။

"မင်း အခုမသွားသေးဘဲ ဘယ်သူ့ကိုစောင့်နေတာလဲ"

"ကိုကိုလေး ကိုလေ..."

"ငါ့ကို.."

ရိပေါ်ကိုလက်ညိုးထိုးကာမေးငေါ့ပြသည့်ကောင်လေးကြောင့် ရိပေါ် သူ့ကိုယ်သူလက်ညိုးထိုးကာ သံယောင်လိုက်ပြောမိသည်။

"ကိုကိုလေးက ကျွန်တော့်ကို ကျောင်းလာအပ်ပေးတာဆို...."

"ဟုတ်တယ်လေ
လာအပ်ပေးတယ်ဆိုတာက မင်း Form ဖြည့်ဖို့ လိုက်ပို့ရုံပဲ...
ကျောင်း၀န်းထဲထိ လိုက်ပို့မယ်လို့ ပြောခဲ့လို့လား"

ထိုစကားကြောင့် အံ့သြသွားသည့်ကောင်လေး မျက်၀န်းတွေက အရည်ရွှန်းလဲ့နေသလား၊မျက်ရည်၀ဲနေသလား ရိပေါ်မသဲကွဲတော့။

ဇစ်အိတ်လေးပိုက်ကာ ကျောင်း၀န်းထဲ ပြေး၀င်သွားသည့်ကောင်လေးက လျှပ်တပြတ်အချိန်အတွင်မှာ မြင်ကွင်မှ လုံး၀ပျောက်ကွယ်သွားတော့သည်။

တစ်ခုခုပြောရန် ပြင်နေသည့် ရိပေါ်မှာလဲ ပါးစပ်လေး ဟစိဟစိဖြင့်။

"မေမေ... သမီးကို Formကူဖြည့်ပေးနော်
အဲ့တာမှ အခန်းကောင်းကောင်းမှာ နေရမှာ"

"ကဲ ဟုတ်ပါပြီ...
သမီးက ဘေးကပဲကြည့်နေ..
ဒီအမေက formအကုန်ဖြည့်ပေးမယ်.."

"မေ့ကို အဲ့တာကြောင့်ချစ်တာ အဟီး..."

ကားဘေးမှဖြတ်သွားသည့် သားအမိနှစ်ယောက်၏ ပြောစကားတွေကြောင့် ရိပေါ် ပိစိအား ပြောခဲ့သည်များကို နောင်တရချင်သွားသည်။

Dear Medical Student[Completed]Where stories live. Discover now