Part-23

1.9K 134 6
                                    

Unicode

"ငါ့..ငါ့အစ်ကိုက သူမကို..တ ကယ် ချစ်ခဲ့ တာ.."

"တကယ်ချစ်ရင် မမလီလီကို အိမ်တွင်းအကြမ်းိက်နည်းတွေနဲ့ နှိပ်စက်မှာတဲ့လား!
မင်းအစ်ကိုက မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးဆိုတာ လူတိုင်းသိတယ်ကွ!"

"မ  ဟုတ်ဘူး...မဟုတ် ပါ ဘူး..."

မျက်စိရှေ့တင် မှိန်ဖျော့ဖျော့ခန္ဓာကိုယ်နှင့်သူမက မျက်ရည်များကြားမှ ပြောလာသည်မို့ ၀မ်ရိလင်း သူမကိုသာ စူးစိုက်ကာကြည့်နေမိသည်။

၀မ်ရိလင်းသည် ချက်ချင်းပဲ ဖုန်းကိုကောက်ယူကာ မိမိလူယုံကို ချက်ချင်းအိမ်လာခဲ့ဖို့ဖုန်းဆက်ခေါ်ပြီး
သူမကိုပြန်ကြည့်ကာ

"တကယ်လို့သာ မင်းရိရိကိုမွေးစားထားတာမှန်ခဲ့ရင် ငါလုပ်ခဲ့တာတွေအပေါ် ပြန်​ပေးဆပ်မယ်
ဒါပေမဲ့ မင်းညာခဲ့ရင်တော့ ငါက ငါ့ဆုံးဖြတ်ချက်အတိုင်းလုပ်မှာ!"

➖➖➖➖➖➖
"ကိုကိုလေး..."

ဆိုဖာပေါ်တွင် ဒူးပေါ်ခြေထောက်တင်ကာ ဟန်ပါပါထိုင်ရင်း Mac Bookဖြင့်အလုပ်ရှုတ်နေသောရိပေါ်ကို ဘေးမှာ ခပ်ကျုံ့ကျုံ့ထိုင်ကာ TVကြည့်နေသည့်ရှောင်းကျန့်က ခေါ်လိုက်ခြင်းဖြစ်သည်။

"'လေး'ဖြုတ်!"

"ဗျာ...."

ရိပေါ်က မိမိအား ပြူးကြောင်ကြောင်လေးကြည့်နေသောရှောင်းကျန့်၏ ဟ,နေသည့် နှုတ်ခမ်းလေးအား  ပြွတ်ခနဲမြည်အောင်နမ်းပစ်လိုက်၏။

ပါးစပ်အား လက်ဖဝါးဖြူဖြူလေးနှင့်အုပ်ရင်း ရှောင်ကျန့်က ပါးမို့မို့လေး ရဲတက်သွာသည်အထိ ရှက်လို့နေသည်။

"ကိုကို လို့ပဲခေါ်
လေး'မထည့်နဲ့"

ရိပေါ်သည် ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြ၍TVပြန်လှည့်ကြည့်နေသော ရှောင်းကျန့်ကိုကြည့်ပြီး အသဲယားနေ၏။

"အားကျန့်.."

"ဗျာ.."

"လူတိုင်းမှာရည်မှန်းချက်ကိုယ်စီရှိကြတယ်မို့လား..."

ရှောင်းကျန့်က ရိပေါ်စကားကိုထောက်ခံစွာ ခေါင်းငြိမ့်ပြသည်။

Dear Medical Student[Completed]Where stories live. Discover now