Part-14

1.9K 140 1
                                    

Unicode

"ကိုကိုလေး..."

"​အင်း အားကျန့် ပြော.."

"ကျွန်တော်တို့ အခု ဘယ်ကိုသွားနေတာလဲ ပြောပြလို့ရမလား..."

ရိပေါ်က သူ့တပည့်ကျော် အတွင်းရေးမှူး ​အကြံညဏ်ပေးထားသည်များကို ပြန်စဥ်းစားနေ၏။
အတော်ကြာမှ ရှောင်းကျန့်ဘက်သို့လှည့်ကာ တစ်ချက်ပြုံးပြပြီး ကားလမ်းဆီသို့ ပြန်မျက်နှာမူပါသည်။

"အားကျန့်...ရုပ်ရှင်ကြည့်ဖူးလား.."

"အာ ဘယ်လိုမျိုးလဲ ကိုကိုလေး"

ဘယ်ဘက်လက်ဖြင့် နှာထင်အား ထောက်ကာ တွေးဆဆလုပ်နေသည့် ကိုကိုလေး၏ မျက်နှာက ဘာမှလိမ်းခြမ်မထားပါဘဲ ဖြူ၀င်းကာ တောက်ပနေ၏။

"ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖူးလားလို့မေးတာ
ဖန်သားပြင်အကြီးကြီးရှိတဲ့ ရုပ်ရှင်ရုံလေ..."

"ဟင့်အင်း တစ်ခါမှမကြည့်ဖူးဘူး
ဟို...ကိုကိုလေးက လိုက်ပြမလို့လားဟင်..."

"အင်း အဟမ်း!
ဒါက ဒီလိုရှိတယ်.."

ရှောင်းကျန့် လုံခြုံရေးခါးပတ်အား လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ မျက်လုံး၀ိုင်းလေးများဖြင့် ရိပေါ်ပြောလာမည့်စကားတို့ကို ဂရုတစိုက်နားထောင်နေပါ၏။

"ဒီနေ့က မင်းအိမ်ရောက်တာ တစ်ပတ်ပြည့်တဲ့နေ့လေ...
အဲ...အဲ့တာ တစ်ပတ်ပြည့်အထိန်းအမှတ်ရယ်
နောက်ပြီး ကိုယ် အခုတလော ကံဇာတာအရမ်းညံ့နေလို့ ဗေဒင်တွက်ကြည့်တာ စနေနေ့မှာ စနေသားသမီးနဲ့အတူ ရုပ်ရှင်အတူကြည့်ရမယ်တဲ့
အဲ့တာ ယတြာ​ချေတာလေ သိတယ်မို့လား"

"အဲ့တာဆို စနေသားသမီးနဲ့ ရုပ်ရှင်အတူကြည့်ရင် ကံဇာတာပြန်ကောင်းလာမှာပေါ့နော်.."

ယွဲ့ရင်း၏ Ideaက တကယ်ကို အလုပ်ဖြစ်သည်ဟု ရိပေါ်တွေးလိုက်မိသည်။

"ဟုတ်တယ်!  အဟမ်း..."

ထို့နောက် နှစ်ဦးသား တိတ်ဆိတ်သွားပြီး
ရိပေါ်က ကားမောင်းခြင်းကို ပြန်လည်အာရုံစိုက်နေသလို ရှောင်းကျန့်လဲ စကားမပြောဘဲ တောက်ပနေသည့် အပြင်ဘက်ဆီက ညစျေးဆိုင်တစ်ချို့ကို ကြည့်နေလိုက်သည်။

Dear Medical Student[Completed]Where stories live. Discover now