Part-22

1.8K 124 4
                                    

Unicode

"သခင်ကြီး..."

အခန်းထဲ၀င်လာသည့်ဟွားမေကြောင့် ၀မ်ရိလင်းက မှိတ်ထားသည့်မျက်လုံးများကို ဖွင့်လိုက်၏။

"အမဟွားမေ....ဘာကိစ္စရှိလို့လဲဗျ"

ဟွားမေက သက်ပြင်းအသာချပြီးမှ သခင်ကြီးအား မျက်လုံးချင်းဆုံအောင်ကြည့်သည်။

"သခင်ကြီး ခလေးနှစ်ယောက်ကိုမခွဲပါနဲ့လားရှင်
ဒီလိုလုပ်တော့ရော ဆုံးသွားကြတဲ့သခင်မနှစ်ယောက် စိတ်ချမ်းသာရမှာမဟုတ်ဘူးလေ..."

"အမဟွား...အမ ကျွန်တော်တို့အကြောင်းတွေကို ဘာမှမသိသေးပါဘူး
ရှောင်းအန်နာက မမလီလီရဲ့ ကျောင်းနေဖက်ရန်ဖက်မိန်းခလေးပဲ၊
ပြီးတော့ မမလီလီ စာတော်တာကိုမနာလိုလို့ သူ့အစ်ကိုနဲ့ခုတုံးလုပ်တာလေ
ကျွန်တော်က ဆုံးသွားတဲ့မမလီလီအသေဖြောင့်အောင် တစ်ယောက်တည်းကျန်နေသေးတဲ့ သူ့သားလေးကို သင့်တော်ရာဖြစ်စေချင်ရုံပဲ"

"သခင်ကြီး ရိပေါ်လေးကိုတော့ဒီပြဿနာတွေထဲ ဆွဲမထည့်သင့်ပါဘူး
သခင်ကြီးက ရိပေါ်လေး ရှောင်းလေးကို သံယောဇဥ်တွယ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ပြီးမှ သူတို့နှစ်ယောက်ကိုခွဲဖို့ကြိုးစားနေတာပဲ
သူ့ခမျာ အဖေလို့သတ်မှတ်ထားတဲ့လူက သူ့အဖေအရင်းမဟုတ်တော့ အရမ်းနာကျင်နေရမှာ"

၀မ်ရိလင်းက မျက်နှာသေနှင့် ကုတင်ဘေးတွင်ရှိသော ဖုန်းကိုဆွဲယူလိုက်၏။

"ရှောင်းအန်နာလုပ်ခဲ့တဲ့အပြစ်ကြွေးတွေကို သူ့သားက ဆပ်ပေးနေတယ်လို့ပဲသဘောထားရမှာပေါ့..
ဘယ်လိုပဲဖြစ်ဖြစ် ပြီးသွားတဲ့ကိစ္စတွေကို တွေးမနေပါနဲ့တော့ အမဟွားမေ...
အားကျန့်ကိုအရင်ဆုံးလိုက်ရှာဖို့လိုတယ်"

ထို့နောက် ဖုန်းနံပါတ်တစ်ခုကိုနှိပ်ကာ အတွင်းရေမှူးကိုခေါ်၍ ရှောင်းကျန့်အားရှာရန် ညွှန်ကြားလိုက်၏။

ဟွားမေက မက်တပ်ရပ်လျှက်ပင် ကုတင်ဘေးရှိ Albumပေးထားသောနာရီအား လှမ်းကြည့်ကာ

"အခုအချိန်လောက်ဆို ရိပေါ်လေးနဲ့ကျန့်ကျန့်အတူနေပြီးလောက်ရောပေါ့ သခင်ကြီး....
ပြန်ရှာတွေ့လဲ...."

Dear Medical Student[Completed]Where stories live. Discover now