Part-12

2.1K 147 15
                                    

Unicode

"နောက်တစ်ယောက်လား...?"

ဒယ်ဒီ့ဖုန်းထဲမှ လူငယ်တစ်ယောက်၏ ဓာတ်ပုံနှင့် ပြတင်းပေါက်နားရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ဒယ်ဒီ့မျက်နှာအား တစ်လှည့်စီကြည့်ရင်း ရိပေါ်မှာ ပါးစပ်အဟောင်းသားဖြင့်။

"ဟုတ်တယ် ရိရိ...
ဒယ်ဒီ သူ့အုပ်ထိန်းသူဆီကနေ မွေးစားခွင့်တောင်
တောင်းပြီးပြီ..
အဲ့တာ သားကို အသိပေးတာ.."

မျက်နှာလေးမှဲ့ကျသွားသည့်ရိပေါ်က ဒယ်ဒီအား လုပ်ရက်လေခြင်း ဟူသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်လေ၏။

လုပ်ချင်တာလုပ်ပြီးမှ မိမိအားအသိပေးသည့်ဖခင်၏ မျက်နှာကတော့ သူ့စိတ်ကြိုက်လုပ်ထားရလို့ ပြုံးရွှင်နေသည်။

"ဒီတစ်ခါတော့ ဒယ်ဒီမွေးစားမှာပါကွ...
အဲ့လိုမျက်နှာထားကြီးလုပ်မထားစမ်းပါနဲ့"

"အဲ့တာဆို အဲ့ကောင်လေးက တက္ကသိုလ်ကျောင်းသားလား၊ ဘာလား..
ပြောပြအုံး ဒယ်ဒီ.."

"နာမည်က ကျန်းချန်..
ရှန်ဟိုင်းမြို့မှာနေတယ်
အားကျန့်လိုပဲ Last year medical student
အမေက မွေးပြီးပြီးချင်းဆုံးသွားတော့ အရက်သမားအဖေနဲ့ အတူနေရတယ်
အရက်မူးလာရင် နှိပ်စက်တတ်တဲ့အဖေကြောင့်
ဦးလေးဖြစ်သူက သူ့ဆီမှာ ခေါ်ထားတာ
ဟိုတလောကမှ ဦးလေးလဲ ဆုံးသွားပြန်တယ်လေ
အဲ့ဒါကြောင့် ဒယ်ဒီက သနားလို့ မွေးစားလိုက်တာ"

"အင်း အဲ့မှာ သနားတဲ့လူမှန်သမျှအကုန်မွေးစားနေ.."

ဒယ်ဒယ်က ခလေးမဟုတ်၊သူငယ်မဟုတ်နှင့် ရိပေါ်ကို မျက်စောင်းထိုးပါ၏။

"ရိရိ ဘာမှမသိပါဘူးကွာ...
သူတို့ဘ၀လေးတွေက ဘယ်လောက်ဆိုးလဲဆိုတာ သားမှ မခံစားဖူးဘဲ.."

"ဒယ်ဒီက ခံစားဖူးလို့လား..."

"ပြောပြတော့ရော ယုံမှာလားကွ"

ရိပေါ်က ပြတင်းပေါက်ဘက်သို့ အကြည့်ပို့လိုက်ပြီး

"ဒီတစ်ယောက်မွေးစားပြီးရင် တော်တော့နော်ဒယ်ဒီ...
လုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်မနေနဲ့
ကျွန်တော်တို့အိမ်က မိဘမဲ့ဂေဟာလဲ မဟုတ်သလို
ဒုက္ခသည်စခန်းလဲမဟုတ်ဘူး..."

Dear Medical Student[Completed]Where stories live. Discover now