Part-21

1.8K 147 13
                                    

Zawgyi

မျက်လုံးနှစ်လုံးပွင့်သည်နှင့် ရှောင်းကျန့် လှဲနေရာမှ ဆက်ခနဲ ထိုင်လိုက်မိသည်။

လူကသာ ထိုင်နေပေမဲ့ မျက်လုံးကတော့ စိမ်းသက်နေသည့် နေရာကိုလိုက်လံဝေ့ပတ်ကြည့်နေ၏။

အခန်းရဲ့ ဖွဲ့စည်းပုံကရိုးရှင်းစွာ။
အိပ်ခန်းဖြစ်ပုံရသောဤအခန်း၏ အရှေ့ဘက်နံရံ၏ အလည်တည့်တည့်တွင်Kingsideကုတင်ကြီးတစ်လုံး၊ကုတင်ဘေး နံရံထောင့်တွင် မှန်ထောင်ဘီဒိုတစ်လုံးစီနှင့် အောက်ဘက်တွင် ဖန်စားပွဲနှင့် ဆိုဖာနှစ်ခုက အသီးသီးနေရာယူထားကြသည်။

ဆိုဖာဆိုမှ ဆိုဖာပေါ်က !

"ကို...ကိုကိုလေး!"

ရှောင်းကျန့်ကိုကျောခိုင်းပြီး ဆိုဖာပေါ်ထိုင်နေသည့်ကိုကိုလေးက တစ်ခုခုကို ခါးကုန်းကာလုပ်နေပြီး ရှောင်းကျန့်ခေါ်သံကြားတော့ ခေါင်းထောင်ကြည့်လာ၏။

"ဒီကိုလာခဲ့အုံး!"

ရှောင်းကျန့်ကုတင်ပေါ်တွင် ဒူးလေးနှစ်ဖက်ကို လက်ဖြင့်ပိုက်ရင်း ကျုံ့ကျုံ့လေးသာ ထိုင်နေမိသည်။

"ရှောင်းကျန့်! ခေါ်နေရင် လာခဲ့နော်
ပြီးမှ ကိုယ့်အဆိုးမဆိုနဲ့"

"ဟင့်အင်း.."

'ဝုန်း'

ရိပေါ် ဆိုဖာကို ဆောင့်ကန်ထုတ်ကာ ဖန်စားပွဲပေါ်ရှိဆေးသေတ္တာဘူးကိုယူပြီး ရှောင်းကျန့်ရှိရာ ကုတင်ဆီ ဉီးတည်သွားလိုက်၏။

ကြောက်ကြောက်လန့်လန့်နှင့်ရှောင်းကျန့်က ကုတင်တစ်ဖက်ခြမ်းကနေဆင်းပြေးပေမဲ့ သူ့ထက်နှစ်ဆလျင်သည့်ရိပေါ်က အသာလေးဖမ်းမိသွားသည်။

"အဲ့တာဘယ်လဲ! လာစမ်း"

ထို့နောက် ကိုယ်လုံးသေးသေးလေးကို ပွေ့ချီပြီး ကုတင်ပေါ်ပြန်ပစ်ချလိုက်တာများ ပစ်ချခံလိုက်ရတဲ့သူမှာ အင့်ခနဲ။

ကုတင်က နူးညံ့ပြီးပျော့ပျောင်းနေလို့သာတော်ပါသေးသည်။
မဟုတ်လို့ကတော့ ရှောင်းကျန့်တို့ ရိပေါ်ကိုင်ဆောင့်တာနဲ့ ခါးကျိုးလိမ့်မည်။

"ကုတင်ပေါ်ကနေ အောက်ကိုခြေချတာနဲ့
မင်းကို မတရားကျင့်ပစ်မှာ! လုပ်ရဲရင်လုပ်ကြည့်"

Dear Medical Student[Completed]Where stories live. Discover now