Part-19

1.8K 143 13
                                    

Zawgyi

"အားကျန့် ဒီကိုလာထိုင်လေ..."

အခန်းထဲရောက်တော့ ကိုကိုလေးက ရှောင်းကျန့်ကို sofaပေါ်ထိုင်ရန် ပြုံးရင်း ညွှန်ပြတာမို့ အနည်းငယ်တော့ နေရခက်သွားသည်။

သို့ပေမဲ့ ရှောင်းကျန့် ထိုင်စေချင်တဲ့သူရဲ့ဆန္ဒအတိုင်း ထိုင်လိုက်ပါသည်။

"ကိုကိုလေး..."

"ဟင်!"

ဖန်စားပွဲလေးကိုသာ ငေးကြည့်နေတဲ့ရိပေါ်က ရှောင်းကျန့်ခေါ်သံကြားမှ ရှောင်းကျန့်မျက်နှာကို ကြည့်လာ၏။

"ဘာပြောစရာရှိလို့ ခေါ်တာလဲ.."

"အင်....ပြောစရာရယ်လို့တော့ မရှိပါဘူး
ပေးစရာတော့ရှိတယ်"

"ဘာပေးမလို့လဲဟင်?"

ရိပေါ်ကနှုတ်ခမ်းတို့ကို အသာစေ့ရင်း ထိုင်ရာမှထ,ကာ အိပ်ခန်းထဲဝင်သွားလေသည်။

ခနကြာတော့ လက်နှစ်ဖက်နောက်ပစ်ကာ ပြန်ထွက်လာ၏။

"ကိုယ်ဘာပေးမလဲဆိုတာ ခန့်မှန်းကြည့်.."

ပြုံးစစမျက်နှာထားနှင့်ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့်အောက်နှုတ်ခမ်းလေးကိုက်ကာ စဉ်းစားနေ၏။

"အွမ်....အရုပ်လား?"

"မဟုတ်ဘူး.."

"ဒါဆို...အ၀တ်အစားလား..?"

"မမှန်သေးဘူး..ဒါပေမဲ့ နဲနဲနီးစပ်တယ်
အ၀တ်အစားနဲ့ တွဲဝတ်ရတာမျိုး..
ထပ်ခန့်မှန်းကြည့်"

ရှောင်းကျန့်အကြံအိုက်နေတော့သည်။
မျက်လုံးနက်နက်တွေရဲ့ ရွှန်းရွှန်းစားစားအကြည့်တို့က ခန့်မှန်းနေသည့်ရှောင်းကျန့်ရဲ့အတွေးတွေတောင် လွှင့်ပျယ်ကုန်ရ၏။

"မသိတော့ဘူး...နာရီလား?"

"တော်တော်နီးစပ်လာပြီ နာရီဝတ်တဲ့အနားလေးတင်ဝတ်ရတဲ့ဟာ..."

"တကယ်မသိတော့ဘူးနော်...ဘာပေးမှာလဲ ပြလိုက်ပါတော့လား.."

ရိပေါ်က ခေါင်းတစ်ချက်ခါရင်း ပြုံးကာ လေးထောင့်ဘူးအစိမ်းလေးကိုင်ထားသည့် ညာဘက်လက်ကို ရှေ့ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။

Dear Medical Student[Completed]Where stories live. Discover now