Part-15

1.8K 140 7
                                    

Unicode

'ဒေါက်! ဒေါက်!'

ကားပြတင်းပေါက်မှန်အား ခပ်ဆတ်ဆတ် ခေါက်လာတဲ့အသံကြောင့် အအိပ်ဆတ်တဲ့ရိပေါ်က ဖြတ်ခနဲ လန့်နိုးသွား၏။

ထိုင်ခုံနှောက်မှီပေါ် လှဲနေတာမို့ မတ်မတ်ထိုင်ပြီးကားမှန်ချရန်ပြင်လိုက်ပေမဲ့ ခါးဆီမှ နွေးထွေးတင်းကြပ်သည့်အထိအတွေ့ကြောင့် ငုံ့ကြည့်လိုက်မိသည်။

Car seatပေါ် ခပ်ကားကားထိုင်နေသော ရိပေါ်ရဲ့ပေါင်ပေါ် ခွလျှက် ခါးအား လက်နှစ်ဖက်နှင့်အပြည့်အ၀ဖက်ကာ ရင်ဘက်ကို သူ့အပိုင်လို ဇိမ်ကျကျမှီအိပ်နေသူက တခူးခူးတခေါခေါအသံတို့တောင် ထွက်နေသေး၏။

ဤသည်ကို ငုံ့ကြည့်လိုက်တဲ့ရိပေါ်ကြောင့် အိပ်နေသူနှင့် နှာခေါင်းချင်း ထိမတတ် နီးကပ်သွား၏။

'ဒေါက်! ဒေါက်!'

ကားတံခါးမှန်အား ခေါက်သံက ပိုကျယ်လာတာမို့ ရိပေါ်ရှောင်းကျန့်အား အနေအထားပြောင်းကာ ပွေ့ချီပြီး Love seatတွင် ချပေးလိုက်သည်။

ထို့နောက် ရိပေါ် ကားအပြင်သို့ထွက်ကာ ကားတံခါးကို အသံမမြည်အောင်ပိတ်ရင်း ကားမှန်အား ခေါက်သူကို လှည့်ကြည့်လိုက်သည်။

"ဘာက်ိစ္စရှိလို့လဲဗျ..."

ရိပေါ်ရှေ့ရှိ လူနှစ်ဦးထဲမှ တစ်ဦးက သူ့လည်ပင်းတွင် ဆွဲထားသော ကဒ်ပြားလေးကို ရိပေါ်မြင်သာအောင် ပြ၏။

"ညကင်းစောင့်တဲ့ ရဲကင်းအဖွဲကပါ..."

ရိပေါ် တစ်ချက်အံ့သြသွားကာ လက်မှ နာရီကို ငုံ့ကြည့်လိုက်မိသည်။

11:13Minutes

"ဒီက လူကြီးမင်း...ကားကို ဘာလို့ဒီလိုလူသွားလူလာနည်းတဲ့လမ်းမှာ ရပ်ထားတာလဲဗျ..."

"ကားဘီးပေါက်သွားလို့
ပြီးတော့ မိုးရွာလို့"

လိုရင်းတိုရှင်း ဖြေလိုက်သည့်သူ့ကို ရဲနှစ်ဦးက သံသဃဖြစ်စွာ ကြည့်နေကြ၏။

"ကျွန်တော့်ရုပ်က ညာနေတဲ့ပုံပေါက်လို့လား..."

"မပေါက်ပါဘူး....
ဒါပေမဲ့ လူကြီးမင်းရဲ့ကားနောက်ဖုံးထဲက ပစ္စည်းကို တစ်ချက်ကြည့်ကြည့်ပါဦး.."

Dear Medical Student[Completed]Where stories live. Discover now