Part-4

2.5K 249 21
                                    

Unicode

"ရှောင်းကျန့်တဲ့....ရှောင်းကျန့်.."

ဖြန်း....

ရိပေါ် သူ့ပါးသူ ခပ်နာနာလေးပြန်ချပစ်လိုက်သည်။
ဘာလို့တစ်နေကုန် ဒီကောင်လေးအကြောင်းချည်း စဥ်စားမိနေတာလဲဟ။

အတွင်းရေးမှူးလေး ယွဲ့ရင်းခင်မျာ
အလုပ်ချိန်နောက်ကျမှရောက်လာပြီး သူ့ပါးသူတစ်ဖြန်းဖြန်းချနေသည့်Ceoကိုကြည့်ရင်း ရူးချင်လာသလိုလို။
နောက်ပြီး သူ့အား စုံစမ်းခိုင်းဖူးသည့် ဆေးကျောင်းသားလေးနာမည်ကိုပဲ တစ်ချိန်လုံးရေရွတ်နေသေးသည်။ကုမ္ပဏီလာသည့်စတိုင်က အရင်လို Suitအပြည့်နှင့်မဟုတ်ဘဲ လူငယ်ဆန်ဆန် Oversideနှင့်။
တကယ်ပါ သူတို့ရဲ့ ရေခဲတုံးCeoက ဘာဖြစ်နေမှန်းကိုမသိတော့ဘူး။

ကုမ္ပဏီမှာက အထပ်ပေါင်းများစွာ အခန်းပေါင်းများစွာရှိပြီး ၂၄လွှာတွင် Ceoရုံခန်းရှိပေမဲ့ သူတို့ရဲ့ ထူးခြားဆန်းကျယ်လွန်းသည့်Ceoကြီးကတော့ အရေးကြီးဖိုင်နှင့်မှတ်တမ်းများကိုသာ သူ့ရုံးခန်းတွင်းထားပြီး လူက​ ပထမထပ်က အခန်းကျဥ်းလေးထဲတွင်အလုပ်လုပ်သည်။
ထို့ကြောင့် အတွင်ရေးမှူးဖြစ်သည့် ယွဲ့ရင်းကပါ Ceoအခန်းနားက စတိုခန်းလေးတွင်အလုပ်လုပ်ရ၏။

ဘာကြောင့်များ ကျယ်န်းသည့်ရုံးခန်းတွင် အလုပ်မလုပိဘဲ ​အောက်ထပ်လာနေသလဲ မေးလိုက်တော့ ပြန်ဖြေသည့်အဖြေက ရှင်းရှင်းလေး။

"ကုမ္ပဏီကနေ အသွားအပြန်ဆို ဆင်းရတက်ရနဲ့ အချိန်ကုန်မှာမို့လို့
ပထမထပ်က Computerသမားတွေချည်မို့ နားငြီးသက်သာတယ်"တဲ့။

တကယ်လဲ Ceoက ကုမ္ပဏီက အလွှာတိုင်းကို တစ်လကြာလို့ တစ်ခါသွားမစစ်ပါ။
သူ့ပင်မရုံးခန်းကိုတောင် ယွဲ့ရင်းကိုအတက်အဆင်းလုပ်ကာ လိုအပ်သည့်ပစ္စည်းပစ္စရ များ ယူခိုင်းတတ်သေးတာ။

Ceoမရှိလို့ ၀န်ထမ်းတွေက ထင်တိုင်းကြဲ လုပ်ရဲမည်မထင်နှင့်။
၀န်ထမ်းပေါင်း ၃၀၀ကျော်က ၀မ်ရိပေါ်၏ တစ်ချက်လွှတ်အမန့်အောက်တွင် ငြိမ်၀ပ်ပိပြားနေကြရသည်။
ဘာလို့ဆို သူတို့Ceoကြီးက အမျာနှင့်မတူ တမူထူးခြားရုံသာမက ရုပ်ရည်ရူပကာကလည်း ပြစ်ချက်မရှိ ချောလွန်းတာကိုး။

Dear Medical Student[Completed]Where stories live. Discover now