Part-25 [Final]

3.4K 165 6
                                    

Unicode

"ကျန်းချန်အခုအိမ်မှာလား.."

"မဟုတ်ဘူးမမ...ကျွန်တော်အပြင်မှာပါ"

တဖက်မှတိတ်ဆိတ်သွားသည့်အသံက ကျန်ချန်ရှိနေသည့်ပတ်၀န်းကျင်ကို အာရုံစိုက်နားထောင်နေပုံ။

"ကျန်းချန်!  ကားကို အကြမ်းပတမ်းမမောင်းဖို့ မမပြောထားတာ မေ့သွားပြီထင်တယ်..."

မှန်ပါသည်၊အကြမ်းပတမ်းမောင်းနေသော ၀မ်ကောရဲ့ကားကို ကျန်းချန်က မှီအောင်လိုက်နေရတာမို့ တဝူးဝူးလေတိုက်သံတို့ကို ချူဝေက ကြားသွားသည်ထင်ပါ့။
၀မ်ကောကားနောက်မလိုက်လို့လဲမရ၊မျက်ရည်တွေ ဗလပွနှင့် စိတ်အခြေအနေကအ၀ီဇိထိုးကျနေပုံပေါ်သောလူမှာ အသက်အန္တရာယ်ရှိတာ100%ကျန်းချန်ခန့်မှန်းမိသည်။
ဖြောင့်စင်းနေသော ဟိုင်းဝေးလမ်းကြီးအား တစ်လမ်းလုံးသူ့အပိုင်လို ယိမ်းထိုးမောင်းနှင်နေသည့်၀မ်ကောအား ကျန်းချန် တကယ်ပင် စိုးရိန်နေမိသည်။

"မဟုတ်ဘူးမမ...ကျွန်တော် ဒီမှါကိစ္စလေးရှိလို့..."

ခပ်အေးအေးစကားသံကြောင့် ကျန်းချန်အမြန်ဆုံးရှင်းပြဖို့ပြင်လိုက်ပေမဲ့ သူ့စကားတစ်၀က်တစ်ပြတ်တင် ဖုန်းချသွားသူကြောင့် ခေါင်းကို တဗျင်းဗျင်းကုတ်နေမိသည်။

ရှောင်းကျန့်အား ၀မ်ကော ခိုးပြေးသွားသည့်နေ့က ကျန်းချန်စိတ်နှင့်လူမကပ်စွာဖြစ်နေလေတော့ ဂျူတီကုတ်ထဲရှိနေသည့်ဖုန်းထံမှ မမ,ခေါ်သည့် Phone callအားမကြားခဲ့တာမို့ ဖုန်းလဲပြန်မခေါ်ဖြစ်ခဲ့။

အန်ကယ်မှ ကျန်းချန်အားကြင်ဖက်တွေ့စေချင်သည့်မိန်းခလေးက မမချူဝေဖြစ်နေသည်ကိုသိရတဲ့အချိန်မှ မမထံ ဖုန်းဆက်ခဲ့တာပါ။
သူမခေါ်သည့်ဖုန်းအား မကိုင်လိုက်လို့ စိတ်ကောက်ကာစကားမပြောတော့တာမို့ ပြန်ချော့လိုက်ရသည်မှာအာပေါက်မတတ်။
ကျန်းချန်နှင့်ချူဝေတို့ ရေငံနေကြတာ တစ်လခန့်ပင်ရှိလေပြီ။ဒါကိုရှောင်းကျန့်လဲသိ၏။

မမသည် ၀မ်ကော ရှောင်းကျန့်အား ခိုးပြေးသွားသည်ကိုသိသည်နှင့် သူမ မရရအောင်လိုက်ရှာပေမည်ဟုပင်​ ကတိစကားဆိုခဲ့သေးတာ။

Dear Medical Student[Completed]Where stories live. Discover now