Part-17

1.8K 146 4
                                    

Unicode

မနက်ပိုင်း ကားရေဆေးမှုကြောင့် ရေစို၍ အအေးပတ်ကာ ၀မ်ရိပေါ်တို့ ဒေါသနှင့်ပေါင်းပြီး ဖျားလေတော့သည်။

ဆောင်းတွင်းမဟုတ်ရင် အမြဲဒေါင်ဒေါင်မြည်ဖြစ်နေတတ်သော သားဖြစ်သူ ဖျားသည်ဆိုတော့ ၀မ်ရိလင်း သူ့ရောဂါကိုတောင် အလေးမထားဘဲ အိပ်ယာပေါ်လှဲနေသည့်သားအနား တစ်ချိန်လုံး ထိုင်၍ စောင့်ကြည့်နေ၏။

"ဆေးထိုးမှ သက်သာမှာပါ သခင်လေး..."

"မသက်သာရင်နေပါစေ၊ လုံး၀မထိုးဘူး!"

Family Doctorက သခင်ကြီး၀မ်ရိလင်အား မျက်နှာငယ်လေးနှင့်ပြန်ကြည့်၏။
'မရရအောင် ထိုး' ဟူသည့် ၀မ်ရိလင်း၏ အကြည့်များကြောင့် ဒေါက်တာခမျာ သက်ပြင်းအသာခိုးချမိသည်။

Family Doctorဟာ ၀မ်သခင်ကြီးထက် သခင်လေးကို ပိုကြောက်ရ၏။
တစ်ခါက ၁၀တန်းကျောင်းသားအရွယ် သခင်လေး ဆောင်းတွင်းအဖျာတက်လေတော့ အဖျားကျအောင် ဆေးတစ်လုံးထိုးပေးလေရာ သခင်လေးက သူ့အား နှစ်ဆပြန်ထိုးသည်။လက်သီးဖြင့်။

ထို၁၀တန်းကျောင်းသားလေး၏ ပြင်းထန်သည့်လက်သီးချက်က ဒေါက်တာ၏ အရိုးထဲ အခုထိ စွဲထင်နေတုန်းပါ။

"ကျန်းချန်ပြန်ရောက်ပြီလား"

၀မ်ရိလင်းက ခေါင်းငြိမ့်ပြ၏။

"အားကျန့်အခန်းထဲမှာ စာအတူကျက်နေကြတယ်လေ"

"အင်း"

'အား....'

တစ်ဖက်အခန်းထဲမှ စူးရှရှအော်သံကြောင့် ၀ရံတာထွက်ကာ စာကျက်နေသည့်ကျန်းချန်နင့်ရှောင်းကျန့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။

ပြီးမှ ခပ်ပြုံးပြုံးမျက်နှာထားများနှင့် စာအုပ်အထူကြီးထဲ ခေါင်းပြန်စိုက်ကြ၏။

'ခွပ်!'

လက်ခုံတွင် ဆေးပိုက်တန်းလန်းနှင့် ရိပေါ်က Family Doctor၏ မျက်နှာတည့်တည့်အား လက်သီးဖြင့်ထိုးချလိုက်ခြင်းဖြစ်သည်။

"ရိရိ! စိတ်လျော့!
ဒါသားကောင်းဖို့လုပ်ပေးတာနော်
စေတနာကို မစော်ကားရဘူး!"

အရှိန်ပြင်းပြင်း ထိုးခံလိုက်ရသည့် Family Doctorက ထိုလက်သီးချက်၏ အရှိန်နှင့်အတူ
ကုတင်ခြေရင်းဘက် နံရံသို့ ပြေးကပ်နေရ၏။

Dear Medical Student[Completed]Where stories live. Discover now