Ch-1

1.1K 76 4
                                    

Unicode
..

မြို့စားမင်းနှင့် နန်းကျဧကရီ
အပိုင်း၁-နန်းကျဘုရင်မတစ်‌ယောက်၏ ကံကြမ္မာ
....

အက်သီယိုအင်ပါယာရဲ့တော်ဝင်နန်းတော်က ကျွန်မရဲ့ နိုင်ငံတစ်ဝက်စာလောက်တောင် ပိုပြီးကြီးမားတယ်။

ကျွန်မဆွဲခေါ်ခံလာရတဲ့တစ်လျှောက်မှာ မြင့်မားတဲ့လျှောက်လမ်း‌တွေ၊ လှပလှတဲ့ပန်းတွေနဲ့အလှဆင်ထားတဲ့ ဥယျာဉ်ကော်ရစ်ဒါတွေကိုဖြတ်ပြီး ဆွဲခေါ်ခံသွားခဲ့ရတယ်။

ခရီးရှည်ကြီးပြီးသွားတဲ့နောက်မှာတော့ ကျွန်မကိုယ်ကျွန်မ ပလ္လင်ကြီးတစ်ခုရှိရာခန်းမထဲမှာ ရပ်နေမှန်းသိလိုက်ရတယ်။ နန်းကျဘုရင်မတစ်ယောက်အနေနဲ့ သေခြင်းတရားကလွဲပြီး ကျွန်မဘာကိုမှမမျှော်လင့်ထားပါဘူး။

ဒါပေမဲ့ အက်သီယန်တွေက နည်းနည်းတော့များလွန်းတယ်။သူတို့ကျွန်မကိုဘာလို့ ချက်ချင်းမကွပ်မျက်သေးတာလဲ?!!

နှိပ်စက်ခံရဖို့စောင့်နေရတဲ့ ကျွန်မအနေနဲ့တော့ ဒါတွေကိုတစ်ကြိမ်တည်းနဲ့ပဲ အဆုံးသတ်ချင်တယ်။

တကယ်ပဲ သူတို့ကျွန်မကို ပေါလစ်စ်ကနေဒီအထိ သုံ့ပန်းအနေနဲ့ တစ်ပတ်လုံးခရီးသွားဖို့ရာက လိုအပ်လို့လား?သူတို့က ကျွန်မကိုအဲ့မှာပဲသတ်လိုက်ပြီးတော့ အလောင်းကိုလည်း ပင်လယ်ထဲပဲ ပစ်ချသင့်တယ်လေ။

သူတို့ကျွန်မအတွက် ပိုကောင်းတဲ့နေရာမရှိဘူးဆိုလည်း စင်ထရယ်ပင်လယ်ရဲ့ရေ‌နွေးနွေးလေးထဲ ပစ်ချလို့ရသားပဲ။

ထိုစဉ် အရှင်မင်းကြီးသည် ဝင်ပေါက်မှဖြေးညှင်းစွာ လျှောက်လှမ်းလာပြီးလျှင် ပုလ္လင်အရှေ့၌ရပ်လိုက်သည်။ပြီးနောက်သူသည် ပုလ္လင်ပေါ်၌ထိုင်ပြီးလျှင် အသုံးတော်ခံများအပေါ်သို့ဝေ့ဝဲကာ ကြည့်လိုက်တော့သည်။

ကျွန်မ သူ၏မျက်လုံးလားရာ အတိုင်းလိုက်၍ကြည့်လိုက်သည်။သတိထားမိတာကတော့ သူဟာငယ်ရွယ်သေးတာကိုပင်။

ဆယ့်သုံးနှစ်ရွယ်သာရှိသေးသော ကလေးငယ်လေးတစ်ယောက်သည် ကမ္ဘာပေါ်မှအကြီးဆုံးနိုင်ငံကို အုပ်ချုပ်နေပြီဖြစ်သည်။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now