Ch-16

171 5 1
                                    

Unicode
...
Ch 16 - စစ်ပွဲကြီးပြီးသွားပြီ
....

သီရာရဲ့အဆိုပြုချက်ကိုလိုက်နာပြီး အခန်းကနေထွက်သွားမဲ့အစား မြို့စားမင်းကသူမရဲ့ လက်ကိုဆွဲပြီး လက်ချောင်းလေးတွေကိုနမ်းလိုက်တယ်။ ဒီနေရာမှာ လူတွေအများကြီးသာဝန်းရံမနေဘူးဆိုရင် ဒါကို စိတ်အနှောက်ယှက်ဖြစ်မိမှာမဟုတ်ပေမယ့် ခုကလူတွေအများကြီးရှိတယ်လေ!!!

သူ ကျွန်မကိုအလေးထားကြောင်း တခြားသူတွေသိအောင်လုပ်ပေးဖို့ပြောခဲ့တာ ကျွန်မဆိုပေမဲ့လို့  ဒါကတော့ များလွန်းတယ်ထင်။

သူ့လက်နဲ့ မျက်နှာကိုမထိခင်မှာပဲ လက်ကိုတားလိုက်မိတယ်။

"မိတ်ကပ်တွေက အခုမှလိမ်းထားတာ" သူ့အပေါ် သီရာရဲ့ငြင်းပယ်လိုက်တဲ့လုပ်ရပ်ကြောင့် အိမ်ဖော်တွေသတိလစ်မသွားခင်မှာပဲ သူ့ကိုဒီတိုင်းပြောလိုက်ရတယ်။ သို့သော်လည်း သူတို့ကအရင်ထက်ပိုပြီးအဆင်ပြေနေကြပုံပဲ။သူ့တို့ရဲ့အံ့သြတဲ့အကြည့်တွေနဲ့ကြောက်ရွံ့စိတ်တွေကြောင့် သီရာလေး လဲစပြီးစိတ်ရှုပ်လာပါပြီ။

"ညစားစာပွဲကို ကိုယ်နဲ့အတူတက်နိုင်မလား ကိုယ့်ရဲ့မြို့စားကတော်လေး"

မြို့စားမင်းက ဘာမှမဖြစ်သလိုပုံနှင့်ပြောလာသည်။သူ့အတွက်အရမ်းအရမ်းကိုမှ ပေါ့ပေါ့ပါးပါးဖြစ်နေသလိုပဲ ဒါမှမဟုတ် အရင်ကဒါမျိုးလုပ်ရင် ခဏခဏငြင်းပယ်ခံခဲ့ရဖူးလို့ပဲဖြစ်ဖြစ် တစ်ခုခုပဲ။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သူက အင်ပါယာမင်းမြတ်ရဲ့အစ်ကိုဝမ်းကွဲတော်စပ်သူ တဖြစ်လဲ တော်ဝင်မြို့စားမင်းဖြစ်ခဲ့တယ်။ အခုထိလဲ နောက်ထပ်ထီးနန်းအရိုက်အရာဆက်ခံသူနေရာမှာလျာထားဆဲပဲ ဒါကြောင့်မို့ သီရာအခုလုပ်သလိုမျိုး တခြားလူတွေက လိုက်ဆက်ဆံရဲကြမှာတော့ မဟုတ်ပေ။

ရုတ်ခြည်းစွာနှင့်ပဲ သူက ချစ်ခင်ဖွယ်ကောင်းတဲ့ခင်ပွန်းပုံစံနဲ့စတင်ချဉ်းကပ်လာခဲ့ပြီ။ ဒါဆို မြေခွေးမထက်ကောင်းတဲ့ ဇနီးမယားကဘယ်လိုပုံစံဖြစ်မလဲ? သူ မကုစားနိုင်တဲ့အထိ ပို၍စွဲလမ်းလာအောင် ဘယ်လိုလုပ်ရမလဲ။

"ကျွန်မက အခုလူသိရှင်ကြားဖြစ်နေတာနဲ့ရော ထိုက်တန်ရဲ့လားဟင်"

You've reached the end of published parts.

⏰ Last updated: Jan 31 ⏰

Add this story to your Library to get notified about new parts!

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now