Ch-5

479 56 2
                                    

Unicode

မြို့စားမင်းနှင့် နန်းကျဧကရီ
အခန်း၅-ကွဲပြားသောယဉ်ကျေးမှုများ
...

ကျွန်မလှုပ်ရှားမှု‌‌တွေကို နှေးနိုင်သမျှနှေးအောင် ပြုလုပ်ကာ စားခဲ့သည်။အင်ပါယာတွင် ခရင်းများမသုံးကြပေ။ဓားငယ်လေးနှင့်ဖြတ်ကာ လက်များဖြင့်သာယူစားကြသည်။

အနည်းဆုံးတော့စားပွဲပေါ်တွင် အမွှေးရည်ပူပူလေးများထည့်ထားသော ပန်းကန်နှစ်လုံးရှိသည်ကြောင့် လက်အား အလွယ်တကူသန့်စင်နိုင်လေသည်။

ကြက်သားကအရည်ရွှမ်းကာ မတူညီသော အမွှေးနံ့သာများနှင့် ပါဝင်ပစ္စည်းများက လျှာပေါ်တွင်ကခုန်၍နေသည်။ရှုပ်ထွေးသော ဟင်းချက်နည်းဖြစ်မည်ဖြစ်သော်လည်း အများကြီးတော့မတပ်မက်မိတော့ပေ။ ဆာလောင်နေခဲ့တာကြောင့် ပေါင်မုန့်ဆိုလျှင်တောင် အဆင်ပြေနေပြီဖြစ်သည်။

အက်သီယန်တွေမှာ ရေ သို့မဟုတ် ဖျော်ရည်များအစား ဝိုင်ကိုသာ ပိုသောက်ကြသည်။ထိုအရာဟာဘာကြောင့် ခွက်သေးသေးလေးတွေက အနီရောင်အရည်များဖြင့် ပြည့်နေရသလဲ ဆိုတာပင်။

အရောင်ရင့်ပြီး ပြင်းမယ့်ပုံပေါ်နေသည် ။တစ်ချက် ကြို့မိသွားပြီး ထိုဟာက ဝိုင်များရဲ့အနံ့ကြောင့်မှန်း သိလိုက်၏။အဲ့ဒီဟာက အစားအစာတွေနဲ့ အရမ်းလိုက်ဖက်ဆို‌တာတော့ ဝန်ခံရမည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ဖြည့်ပေးနေကြသည်။(ဝိုင်ပါ)

ကျွန်မက ဟင်းလျာတိုင်းကို ရေနဲ့ပဲသုံးဆောင်တာ တခြားအရာတွေတိုရင် ဟင်းအရသာဖုံးမိသွားမှာစိုးလို့လေ။ဘာပဲဖြစ်ဖြစ် ဒီလိုပေါင်းစပ်မှုဆိုရင်တော့ ကိစ္စမရှိပါဘူး။

ကျွန်မရဲ့ အရသာခံအာရုံဖုတွေက အရည်ပျော်ကျမတတ်ဖြစ်နေပြီးတော့ အသားရဲ့နူးညံ့မှုကို ခံစားဖို့မျက်လုံးမမှိတ်ပဲ မနေနိုင်တော့ဘူး။

ပထမခွက်ကုန်ရင် နောက်တစ်ခွက်ထပ်ထည့်တယ်။
မူးဝေသလိုခံစားရပေမဲ့ ဆာလောင်မှုကအနိုင်ယူသွားတယ်။

ကျွန်မရဲ့ခင်ပွန်းက ကျွန်မလက်တွေ အမွှေးရည်ဇလုံထဲနှစ်လိုက်တာကို စူးစမ်းချင်နေပုံရတယ်။ ကျွန်မသန့်ရှင်းပြီးတဲ့လက်တွေကို သုတ်လိုက်ပြီး ဝိုင်ခွက်ကိုကျွန်မနှုတ်ခမ်းဆီတော့လိုက်တဲ့အထိ သူမျက်လုံးမခွာနိုင်ခဲ့ဘူးလေ။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now